ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်ရှိ IDP စခန်းများနှင့် ယာယီတိုက်ပွဲရှောင်နေရာများတွင် COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းများဆက်လက်ဆောင်ရွက် လျက်ရှိမှုသတင်း

စက်တင်ဘာလ ၇ ရက်နေ့နှင့် ၈ ရက်နေ့
၁။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား COVID – 19 ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။
၂။ ယနေ့တွင် ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်ရှိ ကက်သလစ်ကျောင်း၊ နှစ်ခြင်းကျောင်း၊ မိုးကောင်းမြို့နယ်ရှိ မဟောင်နှစ်ခြင်း(နောင်ကိုင်တော်)၊ မိုးကောင်းနှစ်ခြင်း(ကျွန်းတော)နှင့် နှစ်ခြင်းမူကြိုကျောင်း(နတ်ကြီးကုန်း) စုစုပေါင်း IDP စခန်း (၅)ခုသို့ သွားရောက်၍ ထုံး(၅၀)အိတ် နှင့် ဆပ်ပြာ(၂၅၁၂)ခဲတို့အား သွားရောက်ထောက်ပံ့ခဲ့ပါသည်။
၃။ အလားတူ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ ဝိဘဇ္ဇဝါဒီကျောင်းတိုက်၊ ဓမ္မရာမကျောင်းတိုက်၊ နန်းရွှေဂူကျောင်းတိုက်၊ မဏီရတနာကျောင်းတိုက်၊ ဗုဒ္ဓေါမော်ကျောင်းတိုက်၊ မဟာမုနိဗုဒ္ဓဝိဟာရ ကျောင်းတိုက်၊ မဟာဇေယျသိဒ္ဓိပဌာန်းကျောင်းတိုက်၊ မဟာဝိဇေယျာရာမကျောင်းတိုက်၊ ဆုတောင်းပြည့်ကျောင်းတိုက်၊ ဒက္ခောင်းကျောင်းတိုက်၊ တေဇာရာမကမ္မဌာန်းကျောင်းတိုက်၊ အလိုတော်ပြည့်ကျောင်းတိုက်၊ မဟာသိမဝံသကျောင်းတိုက်၊ မေယုဓမ္မစက္ကူကျောင်း၊ ဥဿလင်း ကျောင်းတိုက်၊ သောဘိတာရာမကျောင်းတိုက်၊ ရွှေပြည်အေးကျောင်းတိုက်၊ ရွှေပြည်သာ ကျောင်းတိုက်၊ စည်ပင်သာယာကျောင်းတိုက်၊ ကျေးတောရွာမကျောင်းတိုက်၊ လရောင်ဝင်း ဘုန်းကြီးကျောင်းနှင့် ငါးစင်ရိုင်းကျောင်းတိုက် စုစုပေါင်း ယာယီတိုက်ပွဲရှောင်စခန်း(၂၂)ခုသို့ သွားရောက်၍ ဆပ်ပြာ(၄၄၀၈)ခဲနှင့် ထုံး(၄၁၀)အိတ်တို့ကို သွားရောက်ထောက်ပံ့ခဲ့ပါသည်။
၄။ (၇-၉-၂၀၂၀)ရက်နေ့တွင် ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်ရှိ အမှတ်(၁)စခန်း၊ အမှတ်(၂)စခန်း၊ ကာမိုင်းမြို့နယ်ရှိ လိုင်နှောင်းနှစ်ခြင်း၊ မိုးညှင်းမြို့နယ်ရှိ ကက်သလစ်စိန်ပထရစ်ဘုရားကျောင်းနှင့် နန့်မွန်းနှစ်ခြင်း စုစုပေါင်း IDP စခန်း(၅)ခုနှင့် ဖားကန့်မြို့နယ်ရှိ လဝါးအာရ်စီ၊ နန့်စီးအင် ထွယ်ဆန်ယန်၊ ကနိုင်းမြို့နယ်ရှိ KBC ၊ RC ၊ COC ၊ AG စုစုပေါင်း ယာယီတိုက်ပွဲရှောင်စခန်း (၆)ခုသို့ သွားရောက်၍ ထုံး(၁၁၀)အိတ်နှင့် ဆပ်ပြာ(၃၉၂၆)ခဲတို့အား သွားရောက်ထောက်ပံ့ခဲ့ပါသည်။
၅။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့်ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်း များအပြင် အသိပညာပေးလုပ်ငန်းများ၊ အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများနှင့် စိတ်ဓါတ် ရေးရာမြှင့်တင်ပေးမှုဆိုင်ရာ လုပ်ငန်းများကို နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတွင် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

#ha_ar
#npw_sep2020
Source: MSWRR

Sign Up

Upcoming Events