ဆန်ရိက္ခာထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပူတာအိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၇-၉-၂၀၂၀) နေ့တွင် နောင်မွန်းမြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်နှင့် ပန်နန်းဒင်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်၊ ပန်နန်းဒင်မြို့ရှိ စားနပ်ရိက္ခာရှားပါးမှုကြုံတွေ့နေရသော အလိအောင်ကျေးရွာအုပ်စုနှင့် မခွမ်တန်ကျေးရွာအုပ်စုတို့မှ အိမ်ထောင်စု (၁၁၀) စု ၏လူဦးရေ (၆၅၁) ဦးတို့အတွက် စားနပ်ရိက္ခာ (၃) လစာ (ဆန်) အိတ် (၆၁၀) အိတ်၊ (၇)ပြည်၊ (၄)ဗူးတို့အား ဒေသခံပြည်သူ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပြီး အဆိုပါကျေးရွာအုပ်စုများမှ ဆန်ရိက္ခာလာရောက်သယ်ယူ ဒေသခံများအပေါ် အားပေးနှစ်သိမ့်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ပူတာအိုခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_otr
#kcn_sep2020

Sign Up

Upcoming Events