မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၉-၂၀၂၀) ရက်နေ့၌ ကျောက်တံခါးမြို့နယ်၊ အနန်းဘော်ကျေးရွာအုပ်စု၊ လက်ပံကုန်း ကျေးရွာ တွင် ဖြစ်ပွားခဲ့သော မီးဘေးမှတစ်စိတ်တစ်ပိုင်း မီးဘေးသင့်နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀,၀၀၀ိ/-)ကျပ်၊ အိမ်ထောင်စု (၁) စုရှိ လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ ထောက်ပံ့ငွေ (၁၄,၇၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ ငွေ (၆၄,၇၀၀/-) ကျပ်အား (၈-၉-၂၀၂၀) ရက်နေ့၊ (၁၄း၀၀) နာရီအချိန်တွင် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူ့လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_fir
#bgo_sep2020

Sign Up

Upcoming Events