လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း - မြောင်းမြမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်တွင် အသိပညာပေးဟောပြောမှုသတင်း - ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာအုပ်စု၊ နောင်လှကျေးရွာ၌ လေပြင်းဘေး ထောက်ပံ့မှု သတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ သစ်တပ်၊ သက်နှင်းအင်း၊ စည်ပင်ကြီး၊ စည်ပင်သာယာ ကျေးရွာတို့၌ လေဘေးထောက်ပံ့မှုသတင်း - ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ကျီးကန်းသိုက်ကျေးရွာနှင့် စိုင်ဒီကုန်းကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၆) ရပ်ကွက် တို့၌ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာအုပ်စုနှင့် သပြေတန်းကျေးရွာတို့တွင် လေဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ဝဏ္ဏလမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာ အုပ်စု၊ ချင်းစုကျေးရွာတွင် လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ကံချောင်ကျေးရွာအုပ်စု၊ ကံချောင်းကျေးရွာတွင် လေပြင်းဘေးထောက်ပံ့မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • COVID-19 စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ ကရင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့ အတွင်းရှိ ဂေဟာ/ရိပ်သာများသို့  ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို Online အခမ်းအနားဖြင့် ကျင်းပမှုသတင်း

     စက်တင်ဘာ ၉၊ နေပြည်တော် COVID-19 စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ ကရင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့ အတွင်းရှိ ဂေဟာ/ရိပ်သာများသို့ ထောက်ပံ့ ငွေများပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းက Online အခမ်းအနားဖြင့်ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီးဦးစိုးအောင် တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာန၏ လုပ်ငန်းရပ်များတွင်  စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများက တာဝန်ယူဆောင်ရွက်နေသော လုပ်ငန်းများစနစ်တကျနှင့် ပိုမိုခိုင်မာအား ကောင်းစွာ ရေရှည်ရပ်တည်နိုင်စေရေး ပါဝင်ပါကြောင်း၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ တည်ထောင် … Read more

  • Facility Quarantine Center အဖြစ် အသုံးပြုနိုင်သည့် Shelter များတွင် လက်ဆေးဘေစင်နှင့် ဆက်စပ်လုပ်ငန်းများပြုလုပ်ရန် ထောက်ပံ့ငွေများ ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၉-၂၀၂၀) ရက် နေ့တွင် Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ တွင် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း Facility Quarantine Center အဖြစ် အသုံးပြုနိုင်သည့် Shelter (၁) လုံးလျှင် လက်ဆေးဘေစင် (၃) ခု၊ ဖိုက်ဘာ ရေစည်၊ ပိုက်နှင့် ဆက်စပ်ပစ္စည်းများပါဝင်သည့် လုပ်ငန်းများအား ဆောင်ရွက်ရန်အတွက် Shelter (၁) လုံးလျှင် ကျပ် (၁၅) သိန်းစီဖြင့် … Read more

  • ဗန်းမော်မြို့နယ်ရှိ IDPs စခန်းများအတွက် ဆပ်ပြာနှင့် ထုံးအိတ်များ ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၉-၂၀၂၀) ရက်နေ့၊ (၁၅:၀၀)နာရီအချိန်တွင် ဗန်းမော်မြို့နယ်၊ လီဆူနှစ်ခြင်းဘော်ဒါ IDPs စခန်းမှ အိမ်ထောင်စု (၁၁၃)စု လူဦးရေ(၆၄၅)ဦးအတွက် paris ဆပ်ပြာ(၆၄၅)ခဲ၊ ထုံးအိတ်(၁၀)အိတ်၊ နှစ်-၂၀၀၀ (RC)IDPs စခန်းမှ အိမ်ထောင်စု(၁၆၆)စု၊ လူဉီးရေ(၇၈၇)ဦးတို့အတွက် ဆပ်ပြာ(၇၈၇)ခဲ၊ ထုံး(၁၀)အိတ်၊ ရောဘတ်ကျောင်းIDPsစခန်းမှ အိမ်ထောင်စု(၆၂၈)စု၊ လူဉီးရေ(၃၉၅၅)ဦးတို့အတွက် ဆပ်ပြာ(၃၉၅၅) ခဲ၊ ထုံး(၁၀)အိတ်၊ မူရင်းနှစ်ခြင်းlDPsစခန်းမှ အိမ်ထောင်စု(၁၁)စု၊ လူဉီးရေ(၅၀)ဦးတို့အတွက် ဆပ်ပြာ(၅၀) ခဲ၊ ထုံး(၁၀)အိတ်၊ ထွယ်ဆန်ကျောင်းlDPsစခန်းမှ အိမ်ထောင်စု(၃၇)စု၊ … Read more

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၉-၂၀၂၀) ရက်နေ့၌ ကျိုက်လတ်မြို့နယ်၊ ကျွဲတလင်းကျေးရွာအုပ်စု၊ ကျွဲတလင်းကျေးရွာတွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၄၂၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ(၁၀၄၂၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၁) အိမ်ထောင်စာ (၃၄၇၅၃/-)ကျပ်အား (၉-၉-၂၀၂၀) ရက်နေ့ (၁၂:၃၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူများ၏ ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #ayy_sep2020

  • COVID-19 ကူးစက်ရောဂါပျံ့နှံ့မှုများမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၉-၉-၀၂၀)ရက်နေ့တွင် ကျိုင်းတုံခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့နယ်၊ ကတ်တောင်ကျေးရွာအုပ်စု၊ ကတ်တောင်ကျေးရွာ၊ ယန်းဟောင်‌ကျေးရွာ၊ ကတ်ဝမ်ကျေးရွာနှင့် ယန်းဟုတ်ကျေးရွာတို့၌ Covid-19 ကူးစက်ပျံ့နှံ့မှုဒုတိယလှိုင်း မဖြစ်ပွားစေရေးအတွက် ပြည်သူများလိုက်နာရမည့် ကျန်းမာရေးဆိုင်ရာများ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်းများကို Hand Speaker အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခဲ့ပြီး Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn _sep2020 Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်မှု ဒုတိယလှိုင်း မပြန့်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟိုပန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၉-၂၀၂၀) ရက်နေ့တွင် ဟိုပန်မြို့နယ်၊ မန်ကောင်းရပ်ကွက်နှင့် ရုံးကုန်းရပ်ကွက်များအတွင်း Covid-19 ကူးစက်မှု ဒုတိယလှိုင်း မပြန့်ပွားစေရန် ပြည်သူများ လိုက်နာရမည့်ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်း၊ Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_sep2020 Source: ဟိုပန်ခရိုင်ဦးစီးမှူးရုံး (ဘစမ)