လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၉-၂၀၂၀) ရက်နေ့၊ (၁၅:၀၀)နာရီအချိန်တွင် ဗန်းမော်မြို့နယ်၊ လီဆူနှစ်ခြင်းဘော်ဒါ IDPs စခန်းမှ အိမ်ထောင်စု (၁၁၃)စု လူဦးရေ(၆၄၅)ဦးအတွက် paris ဆပ်ပြာ(၆၄၅)ခဲ၊ ထုံးအိတ်(၁၀)အိတ်၊ နှစ်-၂၀၀၀ (RC)IDPs စခန်းမှ အိမ်ထောင်စု(၁၆၆)စု၊ လူဉီးရေ(၇၈၇)ဦးတို့အတွက် ဆပ်ပြာ(၇၈၇)ခဲ၊ ထုံး(၁၀)အိတ်၊ ရောဘတ်ကျောင်းIDPsစခန်းမှ အိမ်ထောင်စု(၆၂၈)စု၊ လူဉီးရေ(၃၉၅၅)ဦးတို့အတွက် ဆပ်ပြာ(၃၉၅၅) ခဲ၊ ထုံး(၁၀)အိတ်၊ မူရင်းနှစ်ခြင်းlDPsစခန်းမှ အိမ်ထောင်စု(၁၁)စု၊ လူဉီးရေ(၅၀)ဦးတို့အတွက် ဆပ်ပြာ(၅၀) ခဲ၊ ထုံး(၁၀)အိတ်၊ ထွယ်ဆန်ကျောင်းlDPsစခန်းမှ အိမ်ထောင်စု(၃၇)စု၊ လူဉီးရေ(၂၁၆)ဦးတို့အတွက် ဆပ်ပြာ(၂၁၆)ခဲ၊ ထုံး(၁၀) အိတ်၊ ဖန်ခါးကုန်းlDPsစခန်းမှ အိမ်ထောင်စု(၆၆)စု၊ လူဉီးရေ(၃၄၆)ဦး တို့အတွက် ဆပ်ပြာ(၃၄၆)ခဲ၊ ထုံး(၁၀) အိတ်တို့အား သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)