လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၉-၉-၀၂၀)ရက်နေ့တွင် ကျိုင်းတုံခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့နယ်၊ ကတ်တောင်ကျေးရွာအုပ်စု၊ ကတ်တောင်ကျေးရွာ၊ ယန်းဟောင်ကျေးရွာ၊ ကတ်ဝမ်ကျေးရွာနှင့် ယန်းဟုတ်ကျေးရွာတို့၌ Covid-19 ကူးစက်ပျံ့နှံ့မှုဒုတိယလှိုင်း မဖြစ်ပွားစေရေးအတွက် ပြည်သူများလိုက်နာရမည့် ကျန်းမာရေးဆိုင်ရာများ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်းများကို Hand Speaker အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခဲ့ပြီး Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#shn _sep2020
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)