
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၉-၂၀၂၀) ရက် နေ့တွင် Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ တွင် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း Facility Quarantine Center အဖြစ် အသုံးပြုနိုင်သည့် Shelter (၁) လုံးလျှင် လက်ဆေးဘေစင် (၃) ခု၊ ဖိုက်ဘာ ရေစည်၊ ပိုက်နှင့် ဆက်စပ်ပစ္စည်းများပါဝင်သည့် လုပ်ငန်းများအား ဆောင်ရွက်ရန်အတွက် Shelter (၁) လုံးလျှင် ကျပ် (၁၅) သိန်းစီဖြင့် ဖျာပုံမြို့နယ်တွင် Cyclone Shelter (၂) လုံးအတွက် ကျပ် (၃၀) သိန်းအား ဖျာပုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်၊ ဖျာပုံခရိုင် အုပ်ချုပ်ရေး မှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးနှင့် ကျေးရွာကော်မတီအဖွဲ့ဝင်များ ထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#ayy_sep2020