လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း - မြောင်းမြမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်တွင် အသိပညာပေးဟောပြောမှုသတင်း - ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာအုပ်စု၊ နောင်လှကျေးရွာ၌ လေပြင်းဘေး ထောက်ပံ့မှု သတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ သစ်တပ်၊ သက်နှင်းအင်း၊ စည်ပင်ကြီး၊ စည်ပင်သာယာ ကျေးရွာတို့၌ လေဘေးထောက်ပံ့မှုသတင်း - ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ကျီးကန်းသိုက်ကျေးရွာနှင့် စိုင်ဒီကုန်းကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၆) ရပ်ကွက် တို့၌ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာအုပ်စုနှင့် သပြေတန်းကျေးရွာတို့တွင် လေဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ဝဏ္ဏလမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာ အုပ်စု၊ ချင်းစုကျေးရွာတွင် လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ကံချောင်ကျေးရွာအုပ်စု၊ ကံချောင်းကျေးရွာတွင် လေပြင်းဘေးထောက်ပံ့မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် အကြိုလူထုလှုပ်ရှားမှု များ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် (၁၃-၁၀-၂၀၂၀) ရက်နေ့၊ နံနက် (၀၈:၀၀) နာရီမှ (၁၀:၀၀) နာရီအချိန်ထိ မကွေးမြို့၊ မြို့မစျေးကြီးရှေ့၊ သစ္စာလမ်းမီးပွိုင့်၊ ရွှေဧရာလမ်းဆုံနှင့် အခွန်လွတ်စျေးတို့၌ Mask (၁၂၀၀) ခုအား ပြည်သူများထံသို့ ဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_otr #mgy_oct2020

  • Mask များဖြန့်ဝေပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၂၀ ပြည့်နှစ် “အပြည်ပြည်ဆိုင်ရာသဘာဝဘေး အန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့” ကို ဂုဏ်ပြုသောအားဖြင့် (၁၃-၁၀-၂၀၂၀) နေ့လည် (၁၁:၀၀) နာရီအချိန်မှ (၁၂:၀၀) နာရီ အချိန်ထိ ဥသျှစ်ပင်မြို့ဈေးရှေ့တွင် Masks များအား ဖြန့်ဝေခဲ့ပါကြောင်း သိရှိရပါသည်။ Source: ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #bgo_oct2020

  • လေပြင်းဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ရေပေါ်ကြီးကျေးရွာအုပ်စု၊ ကုလားမချောင်ကျေးရွာ၊ ဒေါင့်ကြီးကျေးရွာနှင့် ပြလင်းကျေးရွာအုပ်စု၊ ရေကျော်ကျေးရွာတို့၌ (၁၂-၁၀-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် အမိုးလန်ခဲ့သည့်နေအိမ်(၁၀)လုံး၊ ပြိုကျခဲ့သည့်နေအိမ်(၁)လုံး၊ စုစုပေါင်းနေအိမ်(၁၁)လုံး၊ အိမ်ထောင်စု(၁၁)စုမှ လူဦးရေ(၄၃)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ(၅၀၀၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာ(၇)ရက်စာဖိုးရန်ပုံငွေ(၉၀၃၀၀/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၅၉၀၃၀၀/-)ကျပ်တိတိအား (၁၃-၁၀-၂၀၂၀) ရက်နေ့၊ (၁၃:၄၀) နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_oct2020 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၉-၂၀၂၀) ရက်နေ့၌ မုဒုံမြို့နယ်၊ ကတုံးပေါ်ကျေးရွာတွင် ဖြစ်ပွားခဲ့သော ချောင်းကမ်းပါးပြိုမှု ကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ် (၆) လုံးမှ အိမ်ထောင်စု (၆) စုအတွက် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့စရိတ် တစ်အိမ်ထောင်လျှင်(၁၀၀,၀၀ဝ/-) ကျပ်နှုန်းဖြင့် စုစုပေါင်း(၆၀၀,၀၀ဝ/-) ကျပ်အား (၁၃-၁၀-၂၀၂၀) ရက်နေ့ (၁၅:၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူထံ လက်ဝယ်အရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mon_oct2020 Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • လေပြင်းဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ကျေးရွာအုပ်စု(၂)အုပ်စု၊ ကျေးရွာ (၂)ရွာတို့၌ (၈-၁၀-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုလဲခဲ့သည့်နေအိမ်(၁)လုံးနှင့် အမိုးလန်ခဲ့သည့်နေအိမ်(၂)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၉၀၀၀၀)ကျပ်၊ အိမ်ထောင်စု(၃)စုရှိ လူဦးရေ(၁၀)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၂၁၀၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၂၁၁၀၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး(၁)အိမ်ထောင်စာအား (၁၃-၁၀-၂၀၂၀)ရက်နေ့၊ (၁၂:၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပြန်/ဆက်မှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_oct2020 Source: … Read more

  • အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ (၁၃-၁၀-၂၀၂၀)ရက်နေ့၌ လောင်းလုံးမြို့နယ်၊ မြို့မဈေးနှင့် လောင်းလုံး- ထားဝယ်ကားလမ်းတစ်လျောက်ရှိ လူစည်းကားရာနေရာများတွင် အပြည်ပြည် ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ကို အထိမ်းအမှတ်အနေဖြင့် လူထုလှုပ်ရှားမှုဆောင်ရွက်ပြီး ဆပ်ပြာများ ဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_oct2020 Source: လောင်းလုံးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)