အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ (၁၃-၁၀-၂၀၂၀)ရက်နေ့၌ လောင်းလုံးမြို့နယ်၊ မြို့မဈေးနှင့် လောင်းလုံး- ထားဝယ်ကားလမ်းတစ်လျောက်ရှိ လူစည်းကားရာနေရာများတွင် အပြည်ပြည် ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ကို အထိမ်းအမှတ်အနေဖြင့် လူထုလှုပ်ရှားမှုဆောင်ရွက်ပြီး ဆပ်ပြာများ ဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။

#ar
#tny_oct2020
Source: လောင်းလုံးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events