
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် (၁၃-၁၀-၂၀၂၀) ရက်နေ့၊ နံနက် (၀၈:၀၀) နာရီမှ (၁၀:၀၀) နာရီအချိန်ထိ မကွေးမြို့၊ မြို့မစျေးကြီးရှေ့၊ သစ္စာလမ်းမီးပွိုင့်၊ ရွှေဧရာလမ်းဆုံနှင့် အခွန်လွတ်စျေးတို့၌ Mask (၁၂၀၀) ခုအား ပြည်သူများထံသို့ ဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
#ha_otr
#mgy_oct2020