ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၉-၂၀၂၀) ရက်နေ့၌ မုဒုံမြို့နယ်၊ ကတုံးပေါ်ကျေးရွာတွင် ဖြစ်ပွားခဲ့သော ချောင်းကမ်းပါးပြိုမှု
ကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ် (၆) လုံးမှ အိမ်ထောင်စု (၆) စုအတွက် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့စရိတ် တစ်အိမ်ထောင်လျှင်(၁၀၀,၀၀ဝ/-) ကျပ်နှုန်းဖြင့် စုစုပေါင်း(၆၀၀,၀၀ဝ/-) ကျပ်အား (၁၃-၁၀-၂၀၂၀) ရက်နေ့ (၁၅:၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူထံ လက်ဝယ်အရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_rbe
#mon_oct2020
Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events