လေပြင်းဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ရေပေါ်ကြီးကျေးရွာအုပ်စု၊ ကုလားမချောင်ကျေးရွာ၊ ဒေါင့်ကြီးကျေးရွာနှင့် ပြလင်းကျေးရွာအုပ်စု၊ ရေကျော်ကျေးရွာတို့၌ (၁၂-၁၀-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် အမိုးလန်ခဲ့သည့်နေအိမ်(၁၀)လုံး၊ ပြိုကျခဲ့သည့်နေအိမ်(၁)လုံး၊ စုစုပေါင်းနေအိမ်(၁၁)လုံး၊ အိမ်ထောင်စု(၁၁)စုမှ လူဦးရေ(၄၃)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ(၅၀၀၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာ(၇)ရက်စာဖိုးရန်ပုံငွေ(၉၀၃၀၀/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၅၉၀၃၀၀/-)ကျပ်တိတိအား (၁၃-၁၀-၂၀၂၀) ရက်နေ့၊ (၁၃:၄၀) နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ayy_oct2020
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events