Latest News
-
ဖိုက်ဘာစက်လှေနှင့် ဆက်စပ်ပစ္စည်းများလွှဲပြောင်းထုတ်ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁၁-၂၀၂၀) ရက်နေ့တွင် ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ တဝမ်ချောင်း၊ နန်ဗျူချောင်းနှင့် တနိုင်းချောင်းတို့သည် မိုးတွင်းကာလတွင် ရေကြီးရေလျှံလေ့ရှိသဖြင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် ဖိုက်ဘာစက်လှေ(၂)စီး၊ အသက်ကယ် အင်္ကျီ(၁၀)ထည်၊ အသက်ကယ်ကြိုး(၅)ခုနှင့် အသက်ကယ်ဘောကွင်း(၁၀)ကွင်းတို့အား တနိုင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းထုတ်ပေးခဲ့ပါကြောင်း သတင်း ရရှိပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #kcn_nov2020
-
ရာသီအလိုက်ဖြစ်ပွားလေ့ရှိသော သဘာဝဘေးအန္တရာယ်များအကြောင်းနှင့် Covid-19 ကူးစက်ရောဂါဆက်လက်ထိန်းချုပ်နိုင်ရေးအသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးအဖွဲ့သည် (၂၃-၁၁-၂၀၂၀) ရက်နေ့တွင် ညောင်ဦးခရိုင်အတွင်းရှိ ညောင်ဦးမြို့ပေါ်ရပ်ကွက်များနှင့် ကျောက်ပန်းတောင်းမြို့ပေါ် ရပ်ကွက်များရှိ ပြည်သူများအား ရာသီအလိုက်ဖြစ်ပွားလေ့ရှိသော သဘာဝဘေးအန္တရာယ်များနှင့်ပက်သက်၍ ဆောင်ရန်/ရှောင်ရန်များ၊ Covid-19 ရောဂါ ပျံ့နှံ့မှုမရှိစေရန် ပြည်သူများနေအိမ်တွင်နေထိုင်ရေးပန်ကြားချက်ကို လော်စပီကာ၊ Hand Speaker တို့ဖြင့် လိုက်လံ အသိပေးနှိုးဆော်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mdy_nov2020 Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID_19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာ ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁၁-၂၀၂၀) ရက်နေ့၊ (ဝ၈:၀၀) နာရီအချိန် မှ (၁၂:၀၀) နာရီအချိန်ထိ လေးမျက်နှာမြို့နယ်၊ စာရေးကွင်း ကျေးရွာအုပ်စု၊ (ငွေတိမ်ညှင်း၊လေးအိမ်တန်း) ကျေးရွာတို့တွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်ဖြစ်ပွားမှု မပေါ်ပေါက်စေရေး ပြည်သူ သို့ ပန်ကြားချက်အား အများပြည်သူများသိရှိလိုက်နာရန် ကွင်းဆင်းလှည့်လှည်၍ အသိပညာ ပေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပြီး နှာခေါင်းစည်း(Mask)၊ သဘာ၀ဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
မီးဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁၁-၂၀၂၀) ရက်နေ့တွင် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ မဲဇလီအုပ်စု၊ မဲဇလီကျေးရွာ၌ ဖြစ်ပွားခဲ့ သော မီးဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးဆုံးရှုံးခဲ့သည့်အတွက် အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ (၉၀,၀၀ဝိ/-) ကျပ်၊ လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာရန်ပုံငွေ (၁၀,၅၀ဝိ/-) ကျပ် ၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁၀၀,၅၀ဝိ/-) ကျပ်တို့ကို (၂၃-၁၁-၂၀၂၀) ရက်နေ့၊ (၁၀:၀၀)နာရီအချိန်တွင် လေးမျက်နှာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၌ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ … Read more
-
COVID_19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာ ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သပိတ်ကျင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁၁-၂၀၂၀) ရက်နေ့တွင် သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာအုပ်စု၊ ဇရပ်ကွင်းကျေးရွာ အုပ်စု၊ ကဘဲ့ရပ်ကွက်၊ ဆိပ်ကမ်းရပ်ကွက်နှင့် (၇) မိုင်ချမ်းသာကျေးရွာအုပ်စုတို့ရှိ ကျေးရွာ (၁၈) ရွာတို့၌ Covid-19 လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ မိုးရာသီတွင် ဖြစ်တတ်သော သဘာဝဘေးအန္တရာယ် များနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်အချက်များနှင့် ပြည်သူသို့ အသိပညာပေး ပန်ကြားချက်များအား လှည့်လည်ကြေညာခြင်းများ ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဝေငှခြင်းများပြုလုပ်ခဲ့ရာတွင် မီးသတ်ဦးစီးဌာနမှ ၀န်ထမ်းများလည်း ပူပေါင်းပါ၀င်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
COVID-19ကူးစက်ရောဂါနှင့်ပတ်သက်၍အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁၁-၂၀၂၀) ရက်နေ့ ၊ နံနက် (၀၉:၃၀) နာရီအချိန်မှစ၍ နေ့လည် (၁၄:၀၀) နာရီအချိန်အထိ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်းရှိ ချောင်းဝပိုင်းရပ်ကွက်၊ အထက်ပိုင်းရပ်ကွက်၊ ဈေးရပ်ကွက်၊ အိမ်မဲကြီးရပ်ကွက်၊ လယ်ပေါ်ရပ်ကွက်၊ စာချွန်ခံပိုင်းရပ်ကွက်၊ ရွာသစ်ကျေးရွာ၊ တကောကျေးရွာ၊ တံခွန်တိုင်ကျေးရွာ၊ ပါရမီဒေါင့်ကျေးရွာတို့တွင် Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ပြည်သူများအား အသိပညာပေးခြင်းလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_nov2020 Source: … Read more









