
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁၁-၂၀၂၀) ရက်နေ့ ၊ နံနက် (၀၉:၃၀) နာရီအချိန်မှစ၍ နေ့လည် (၁၄:၀၀) နာရီအချိန်အထိ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်းရှိ ချောင်းဝပိုင်းရပ်ကွက်၊ အထက်ပိုင်းရပ်ကွက်၊ ဈေးရပ်ကွက်၊ အိမ်မဲကြီးရပ်ကွက်၊ လယ်ပေါ်ရပ်ကွက်၊ စာချွန်ခံပိုင်းရပ်ကွက်၊ ရွာသစ်ကျေးရွာ၊ တကောကျေးရွာ၊ တံခွန်တိုင်ကျေးရွာ၊ ပါရမီဒေါင့်ကျေးရွာတို့တွင် Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ပြည်သူများအား အသိပညာပေးခြင်းလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#ayy_nov2020
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)