
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁၁-၂၀၂၀) ရက်နေ့၊ (ဝ၈:၀၀) နာရီအချိန် မှ (၁၂:၀၀) နာရီအချိန်ထိ လေးမျက်နှာမြို့နယ်၊ စာရေးကွင်း ကျေးရွာအုပ်စု၊ (ငွေတိမ်ညှင်း၊လေးအိမ်တန်း) ကျေးရွာတို့တွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်ဖြစ်ပွားမှု မပေါ်ပေါက်စေရေး ပြည်သူ သို့ ပန်ကြားချက်အား အများပြည်သူများသိရှိလိုက်နာရန် ကွင်းဆင်းလှည့်လှည်၍ အသိပညာ ပေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပြီး နှာခေါင်းစည်း(Mask)၊ သဘာ၀ဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဟင်္သာတိခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#ayy_nov2020