
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁၁-၂၀၂၀) ရက်နေ့တွင် ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ တဝမ်ချောင်း၊ နန်ဗျူချောင်းနှင့် တနိုင်းချောင်းတို့သည် မိုးတွင်းကာလတွင် ရေကြီးရေလျှံလေ့ရှိသဖြင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် ဖိုက်ဘာစက်လှေ(၂)စီး၊ အသက်ကယ် အင်္ကျီ(၁၀)ထည်၊ အသက်ကယ်ကြိုး(၅)ခုနှင့် အသက်ကယ်ဘောကွင်း(၁၀)ကွင်းတို့အား တနိုင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းထုတ်ပေးခဲ့ပါကြောင်း သတင်း ရရှိပါသည်။
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
#kcn_nov2020