
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁၁-၂၀၂၀) ရက်နေ့တွင် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ မဲဇလီအုပ်စု၊ မဲဇလီကျေးရွာ၌ ဖြစ်ပွားခဲ့ သော မီးဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးဆုံးရှုံးခဲ့သည့်အတွက် အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ (၉၀,၀၀ဝိ/-) ကျပ်၊ လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာရန်ပုံငွေ (၁၀,၅၀ဝိ/-) ကျပ် ၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁၀၀,၅၀ဝိ/-) ကျပ်တို့ကို (၂၃-၁၁-၂၀၂၀) ရက်နေ့၊ (၁၀:၀၀)နာရီအချိန်တွင် လေးမျက်နှာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၌ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_fir
#ayy_nov2020