Latest News
-
COVID_19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁၁-၂၀၂၀) ရက်နေ့တွင် ဖျာပုံမြို့နယ်ရှိ သလိပ်ကြီးကျေးရွာ၌ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့် ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေညာချက်များအား အသံချဲ့စက်ဖြင့် လှည့်လည်အသိ ပညာပေးခြင်းနှင့် (Mask) နှာခေါင်းစည်းများဖြန့်ဝေပေးခြင်းများ၊ သဘာဝဘေးအန္တရာယ် (မီးဘေး) အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_nov2020
-
အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၁၁/၂၀၂၀)
(၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၆ ရက်) (မြန်မာစံတော်ချိန်(၀၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ~~~~~~~~~~~~~~~~~~~~~~~~~~ (က) အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) အခြေအနေ ~~~~~~~~~~~~~~~~~~~~~~~~~~~~ ယနေ့မြန်မာစံတော်ချိန် (၀၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားအလွန် ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “နီဗာ”(NIVAR)သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယ နိုင်ငံကို ပူဒူချယ်ရီ (Puducherry)ကမ်းခြေအနီးမှ ဖြတ်ကျော်ဝင်ရောက် လျက်ရှိပါသည်။ (ခ) အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း … Read more
-
အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၁၀/၂၀၂၀)အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၁၀/၂၀၂၀)
(၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၅ ရက်) (မြန်မာစံတော်ချိန်(၁၉:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ~~~~~~~~~~~~~~~~~~~~~~~~~ (က) အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) အခြေအနေ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~ (၁) ယနေ့မြန်မာစံတော်ချိန် (၁၈:၀၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) “နီဗာ”(NIVAR) သည် အနောက်- အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန် တိုင်း (Very Severe Cyclonic Storm) “နီဗာ”(NIVAR) … Read more
-
COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅.၁၁.၂၀၂၀) ရက်နေ့ ၊ နံနက် (၀၉:၀၀) နာရီအချိန်မှစ၍ နေ့လည် (၁၄:၀၀) နာရီအချိန်အထိ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ရွှေလောင်းမြို့၊ ရွှေလောင်းမြို့မရပ်ကွက်၊ ချောင်းဝရပ်ကွက်(၁)၊ ချောင်းဝရပ်ကွက် (၂)၊ ကမ်းနားရပ်ကွက်၊ မရမ်းချောင်းကျေးရွာ၊ ဇရပ်ချောင်းကျေးရွာ၊ မန်းရွှေအောင်ကျေးရွာ၊ ကင်ပွန်းချောင်းကျေးရွာ၊ ဖျာလိပ်ချောင်းကျေးရွာတို့တွင် Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ပြည်သူများအား အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_nov2020 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စလင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် စလင်းမြို့နယ်၊ ဆင်မကျွန်းကျေးရွာအုပ်စု၊ ဆင်မကျွန်းကျေးရွာ၊ အချင်းပြစ်(ရ) ကျေးရွာနှင့် ဥယျာဉ်စုကျေးရွာတို့တွင် (၂၃-၁၁-၂၀၂ဝ) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရသည့် နေအိမ်(၁၉)လုံး၊ အိမ်ထောင်စု(၁၉)စုမှ လူဦးရေ(၇၉)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ (၁၆၅,၉၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁.၉၀၀,၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၂,၀၆၅,၉၀၀-/)ကျပ် အား (၂၅-၁၁-၂၀၂၀) ရက်နေ့ (၁၄:၀၀)နာရီအချိန်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့် ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_nov2020 Source: စလင်းမြို့နယ်စီးမှူးရုံး … Read more
-
မြေစာပုံပြိုကျ သေဆုံးအတွက် ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖားကန့်မြို့နယ်ဦးစီးမှူးရုံးမှတာ၀န်ရှိသူများသည် (၂၀.၁၁.၂၀၂၀) ရက်နေ့၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မလောင်ကျေးရွာအနောက်ဘက် သိရောမဏိ(နဂါး)လုပ်ကွက်ကျင်းဟောင်းတွင် ဖြစ်ပွားခဲ့သော မြေစာပုံများ မျှောတိုက်၍ ရေမဆေးကျောက်ရှာဖွေနေစဉ် အမြင့်ပေ(၈၀)ခန့်မှ မြေစာပြိုကျမှုကြောင့် သေဆုံးသူ(၁)ဉီးနှင့် ဒဏ်ရာရသူ(၂)ဉီးတို့အား သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့ငွေ(၃၀၀၀၀၀ိ)ကျပ်၊ ဒဏ်ရရသူ(၂)ဉီးအတွက် ထောက်ပံ့ငွေ(၁၀၀၀၀၀ိ/)ကျပ် စုစုပေါင်းထောက်ပံ့ငွေ(၄၀၀၀၀၀ိ/) ကျပ်အား (၂၅. ၁၁.၂၀၂၀)ရက်နေ့၊ (၁၁း၀၀)နာရီအချိန်တွင် လုံးခင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ဘေးသင့်ပြည်သူထံ လက်၀ယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_lsd #kcn_nov2020 Source: ဖားကန့်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)









