အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ - ကုန်းတွင်းမုန်တိုင်းငယ်သတင်း အမှတ်စဉ် (၁၁/၂၀၂၆) - လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခေါ်ယူထားသော ဒုတိယဦးစီးမှူး(ဝင်ပေါက်) ရာထူး (၅၀)နေရာ ရေးဖြေအောင်မြင်သူများစာရင်း ထုတ်ပြန်ခြင်း - မုန်တိုင်းငယ်သတင်း အမှတ်စဉ် (၁၀/၂၀၂၆) - အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ် (၀၉/၂၀၂၆) - အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၈/၂၀၂၆) - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ဘူဒင်းကွင်းရေကျော်ကျေးရွာအုပ်စု၊ ရေကျော်ကျေးရွာတွင် မီးဘေး ထောက်ပံ့မှုသတင်း - အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ် (၀၇/၂၀၂၆) - အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ် (၀၆/၂၀၂၆) - အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၅/၂၀၂၆)

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေး ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လားရှိုးမြို့နယ်ကြက်ခြေနီအသင်းနှင့်ပူးပေါင်း၍ (၂၀-၁၁-၂၀၂၀) ရက်နေ့၊ ညနေပိုင်းတွင် လားရှိုးမြို့နယ်၊ ဟိုပိတ်ကျေးရွာအုပ်စု၊ ဟိုပိတ်ကျေးရွာ၊ မန်ကတ်ကျေးရွာတို့၌ COVID-19 ကူးစက်မှုမဖြစ်ပွားစေရန် ပြည်သူများ လိုက်နာရမည့်ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်းများကို အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခဲ့ပြီး COVID-19 ကာကွယ်ရေး စနစ်ကျလက်ဆေးပေး ပါဝင်သည့် လက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်း၊ Hand Gel များဖြင့် လက်သန့်စင်ပေးခြင်း၊ အပူချိန်တိုင်းကိရိယာဖြင့် ကိုယ်အပူချိန်တိုင်းပေးခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_nov2020 Source: လားရှိုးခရိုင်ဦးစီးမှူးရုံး … Read more

  • (၃၁) ကြိမ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနား Video Conferencing စနစ်ဖြင့်ကျင်းပ

    ~~~~~~~~ Source: MOSWRR ~~~~~~~~ နေပြည်တော်၊ နိုဝင်ဘာ ၂၀ ~~~~~~~~   “(၃၁)ကြိမ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့)အခမ်းအနား”ကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်းခန်းမ၌ Video Conferencingစနစ်ဖြင့်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးများ၊ Unicef မှ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Ms. June Kunugi၊ ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဝင်များ၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးမူဝါဒ ရေးဆွဲရေး နည်းပညာဆိုင်ရာလုပ်ငန်း ကော်မတီဝင်များ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ … Read more

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မယ်စဲ့မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁၁-၂၀၂၀) ရက်နေ့တွင် မယ်စဲ့မြို့နယ်၊ ဟိုဂျစ်ကျေးရွာအုပ်စု၊ ဟိုဂျစ်ကျေးရွာလမ်းဆုံကျေးရွာများရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါပြန့်ပွားမှုမဖြစ်ပွားစေရန် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kyh_nov2020 Source: မယ်စဲ့မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁၁-၂၀၂၀)ရက်နေ့တွင် သာစည်မြို့နယ်အတွင်းရှိ ကွမ်းခြံရိုးအုပ်စု (ကွမ်းခြံရိုး)၊ ဆည်ကြီးအုပ်စု (ဆည်ကြီးတောင်/ မြောက်)၊ ကြက်မောက်အုပ်စု (ကြက်မောက်၊ဇီးတော၊ကျောင်းရွာ၊သာစည်လေး၊ချမ်းသာကြီး) အပျောက်အုပ်စု(အပျောက်အရှေ့/အနောက်) ကျေးရွာများသို့လည်းကောင်း၊ မိတ္ထီလာမြို့နယ် အတွင်းရှိပျဥ်သာအုပ်စု (ပျဥ်သာ၊ ကျိတ်ပုလဲ၊ သဲကုန်း)၊ ကဖြူအုပ်စု(ညောင်ကားယား၊ကဖြူ) ရှမ်းတဲအုပ်စု(ရှမ်းတဲ၊ ဂွေးကုန်း၊ ထိန်တောအိုင်၊ ရွာသာအေး၊ ကိုက္ကိုပင်၊ ဆည်ခြား၊ ရွာသစ်) ညောင်ကန်အုပ်စု(ဓမ္မပါလ)ကျေးရွာများရှိ ပြည်သူများသို့ Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်အချက်များအား အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း … Read more

  • ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊‌ ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ ဝါးခယ်မ မြို့နယ်၊ အောက်ပေကုန်းကျေးရွာအုပ်စု၊ ကုန်းကြီးကျေးရွာတွင် (၁၈-၁၁-၂၀၂၀)ရက်နေနှင့် (၁၉-၁၁-၂၀၂၀)ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ် (၃)လုံး၊ အိမ်ထာင်စု (၃)စုမှ လူဦးရေ (၁၁)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၃၀၀,၀၀ဝ/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၃,၁၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ( ၃၂၃,၁၀၀/-)ကျပ်အား (၂၀-၁၁-၂၀၂၀)ရက်နေ့၊ (၁၄း၃၀)နာရီအချိန်တွင် ဝါးခယ်မမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ ကြောင်းသတင်းရရှိပါသည်။ #ha_rbe #ayy_nov2020 Source: … Read more

  • အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊‌ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁၁-၂၀၂၀) ရက်နေ့ တွင် ညောင်ဦးခရိုင်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျောက်ပန်းတောင်းမြို့ပေါ် ရပ်ကွက် များရှိ ပြည်သူများအား Covid-19 ရောဂါပျံ့နှံ့မှုမရှိစေရန် နေအိမ်တွင်နေထိုင်ရေးပန်ကြား ချက်များနှင့် သဘာဝဘေးအန္တရာယ်များနှင့်ပက်သက်၍ ဆောင်ရန်/ရှောင်ရန်များကို လော်စပီကာ၊ Hand Speaker တို့ဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mdy_nov2020 Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)