
(၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၆ ရက်)
(မြန်မာစံတော်ချိန်(၀၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
~~~~~~~~~~~~~~~~~~~~~~~~~~
(က) အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) အခြေအနေ
~~~~~~~~~~~~~~~~~~~~~~~~~~~~
ယနေ့မြန်မာစံတော်ချိန် (၀၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ
ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားအလွန် ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “နီဗာ”(NIVAR)သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယ နိုင်ငံကို ပူဒူချယ်ရီ (Puducherry)ကမ်းခြေအနီးမှ ဖြတ်ကျော်ဝင်ရောက် လျက်ရှိပါသည်။
(ခ) အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) ၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အဆိုပါ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “နီဗာ” (NIVAR)သည် မြန်မာစံတော်ချိန် (၀၃:၃၀) နာရီ အချိန်တွင် မြောက်လတ္တီကျု (၁၂.၀) ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၀.၁) ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၈၀) ဟက်တိုပါစကယ်နှင့် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် (၈၀)မိုင်နှုန်းဖြစ်ပါသည်။
(ဂ) နောက်(၁၂)နာရီအတွင်းခန့်မှန်းချက်
~~~~~~~~~~~~~~~~~~~~~~~~~~
အဆိုပါ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm)”နီဗာ” (NIVAR)သည် အနောက်မြောက်ဘက်သို့ ရွေ့လျား ကာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် တစ်ဖြည်းဖြည်းအားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။