လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖားကန့်မြို့နယ်ဦးစီးမှူးရုံးမှတာ၀န်ရှိသူများသည် (၂၀.၁၁.၂၀၂၀) ရက်နေ့၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မလောင်ကျေးရွာအနောက်ဘက် သိရောမဏိ(နဂါး)လုပ်ကွက်ကျင်းဟောင်းတွင် ဖြစ်ပွားခဲ့သော မြေစာပုံများ မျှောတိုက်၍ ရေမဆေးကျောက်ရှာဖွေနေစဉ် အမြင့်ပေ(၈၀)ခန့်မှ မြေစာပြိုကျမှုကြောင့် သေဆုံးသူ(၁)ဉီးနှင့် ဒဏ်ရာရသူ(၂)ဉီးတို့အား သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့ငွေ(၃၀၀၀၀၀ိ)ကျပ်၊ ဒဏ်ရရသူ(၂)ဉီးအတွက် ထောက်ပံ့ငွေ(၁၀၀၀၀၀ိ/)ကျပ် စုစုပေါင်းထောက်ပံ့ငွေ(၄၀၀၀၀၀ိ/) ကျပ်အား (၂၅. ၁၁.၂၀၂၀)ရက်နေ့၊ (၁၁း၀၀)နာရီအချိန်တွင် လုံးခင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ဘေးသင့်ပြည်သူထံ လက်၀ယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_lsd
#kcn_nov2020
Source: ဖားကန့်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)