COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅.၁၁.၂၀၂၀) ရက်နေ့ ၊ နံနက်  (၀၉:၀၀) နာရီအချိန်မှစ၍ နေ့လည် (၁၄:၀၀) နာရီအချိန်အထိ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ရွှေလောင်းမြို့၊ ရွှေလောင်းမြို့မရပ်ကွက်၊   ချောင်းဝရပ်ကွက်(၁)၊ ချောင်းဝရပ်ကွက် (၂)၊ ကမ်းနားရပ်ကွက်၊ မရမ်းချောင်းကျေးရွာ၊ ဇရပ်ချောင်းကျေးရွာ၊ မန်းရွှေအောင်ကျေးရွာ၊ ကင်ပွန်းချောင်းကျေးရွာ၊ ဖျာလိပ်ချောင်းကျေးရွာတို့တွင် Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ပြည်သူများအား အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ar

#ayy_nov2020

Source:             မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events