
(၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၅ ရက်)
(မြန်မာစံတော်ချိန်(၁၉:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
~~~~~~~~~~~~~~~~~~~~~~~~~
(က) အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) အခြေအနေ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(၁) ယနေ့မြန်မာစံတော်ချိန် (၁၈:၀၀)နာရီအချိန် တိုင်းထွာချက်များအရ
ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) “နီဗာ”(NIVAR) သည် အနောက်- အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန် တိုင်း (Very Severe Cyclonic Storm) “နီဗာ”(NIVAR) အဖြစ်သို့ ရောက်ရှိခဲ့ကာ၊ အိန္ဒိယနိုင်ငံ၊ ကဒ်ဒါလိုလီ (Cuddalore)မြို့၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် (၈၀) မိုင်ခန့်၊ ပူဒူချယ်ရီ (Puducherry)မြို့၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် (၈၀) မိုင်ခန့်နှင့် ချင်းနိုင် (Chennai)မြို့၏ တောင်-အရှေ့တောင်ဘက် ရေမိုင် (၁၂၀) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
(၂) အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “နီဗာ”(NIVAR)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။
(ခ) အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) ၏ တည်နေရာ၊ ဗဟိုချက် လေဖိအားနှင့် လေတိုက်နှုန်း
~~~~~~~~~~~~~~~~~~~~~~~~~~~
အဆိုပါ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “နီဗာ” (NIVAR)သည် မြန်မာစံတော်ချိန် (၁၈:၀၀) နာရီအချိန်တွင် မြောက် လတ္တီကျု (၁၁.၂) ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၁.၀) ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက် လေဖိအား (၉၈၀) ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၈၅) မိုင်နှုန်းဖြစ်ပါသည်။
(ဂ) နောက်(၁၂)နာရီအတွင်းခန့်မှန်းချက်
~~~~~~~~~~~~~~~~~~~~~~~~~~~
အဆိုပါ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm)”နီဗာ” (NIVAR)သည် အနောက်မြောက်ဘက်သို့ ရွေ့လျားကာ၊ ယနေ့ည သန်းခေါင်ယံ အချိန်ခန့်တွင် အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူး (Tamil Nadu) ကမ်းခြေနှင့် ပူဒူချယ်ရီ (Puducherry)ကမ်းခြေတို့ကို ကာရိုင်ကယ် (Karaikal)မြို့နှင့် မာမော်လက်ပူရမ် (Mamallapuram)မြို့များအနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင် သည်ဟုခန့်မှန်းရပါသည်။