မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ လက်ခုပ်ကျေးရွာအုပ်စု၊ လက်ခုပ်ကျေးရွာ၌ ဖြစ်ပွားခဲ့သော မိုးကြိုးဘေးထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ စည်ပင်ကြီးကျေးရွာ အ.ထ.က(ခွဲ)ကျောင်း၌ အသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း - မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့၊ နဒီအောင်မြေရပ်ကွက်၊ စက်တန်းလမ်း၌ မြေပြိုဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်ဖွံ့ဖြိုးကြီးကြပ်ရေးမှူးရုံးတွင်အသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း - ပုဗ္ဗသီရိမြို့နယ်၊ ရွာတော်ကျေးရွာအုပ်စု၊ ရွာတော်(မြောက်)ကျေးရွာတွင် လေပြင်းဘေးထောက်ပံ့မှုသတင်း - သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၏ သင်ခန်းစာများကို ပြန်လည်သုံးသပ်ခြင်းနှင့် ပြင်ဆင်ဖြည့်စွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်မှုသတင်း - သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၏ သင်ခန်းစာများကို ပြန်လည်သုံးသပ်ခြင်းနှင့် ပြင်ဆင်ဖြည့်စွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်မှုသတင်း - သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၏ သင်ခန်းစာများကို ပြန်လည်သုံးသပ်ခြင်းနှင့် ပြင်ဆင်ဖြည့်စွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်မှုသတင်း - သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၏ သင်ခန်းစာများကို ပြန်လည်သုံး သပ်ခြင်း နှင့် ပြင်ဆင်ဖြည့်စွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပမှုသတင်း - ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်/မြို့နယ် ဒေါနခန်းမ၌ အသိပညာပေးဟောပြောပွဲ ဆောင် ရွက်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

      (၂၁-၄-၂၀၂၀)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၊ မပုတေးကျေးရွာနှင့် အောက်ကျင်းကျေးရွာအတွင်းရှိ ပြည်သူ များအား covid-19 ရောဂါနှင့်ပက်သက်၍အသိပညာပေးခြင်း၊ လော်စပီကာ၊ Hand Speakerဖြင့် လိုက်လံ ဆော်သြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #tny_apr2020 Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၁-၄-၂၀၂၀)ရက် နေ့တွင် (၈:၃၀) အချိန်မှ (၁၇:ဝဝ) အချိန်ထိ ကနီမြို့နယ်အတွင်းရှိ ဇီးပင်တွင်းကျေးရွာ၊ ရွှေပြည်သာကျေးရွာ၊ ပေါက်အင်းမြိုင် ကျေးရွာ၊ ပေါက်အင်းတောင်ကျေးရွာ၊ အင်တိုင်းတောကျေးရွာ၊ ညောင်ပင်လယ်ကျေးရွာများအတွင်း အသံချဲ့စက်ဖြင့် လှည့်လည်၍ Covid- 19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေးအသိပညာပေး လိုက်နာရန်အချက်များအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူး များနှင့်အတူ အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါကြောင်းနှင့် ပြည်သူသို့ပန်ကြားချက်များအား ဖြန့်ဝေ ပေးခဲ့ပါကြောင်း သိရှိရပါသည်။ #ar #sgg_apr2020 Source: ကနီမြို့နယ်ဦးစီးမှူးရုံး … Read more

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

      (၂၁-၄-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ သာသနာ့ရိပ်သာရပ်ကွက်၊ မြို့မရပ်ကွက်၊ စျေးပိုင်းရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်၊ ပြည်တော်သာရပ်ကွက်များတွင်၎င်း၊ရန်ကုန်တောင်ပိုင်းခရိုင်၊သန်လျင်မြို့နယ်၊ လက်ယက်စမ်းကျေးရွာ အုပ်စု၊ ဘယက်စံပြကျေးရွာအုပ်စု ၊စစ်ပင်ကွင်းကျေးရွာအုပ်စုတို့တွင် တောင်ပိုင်းခရိုင်လူမှုဝန်ထမ်း ဦးစီးဌာနရုံးနှင့်အတူ (Covid-19)အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ အများပြည်သူ များ သိရှိလိုက်နာရန်အချက်များအား ကွင်းဆင်း၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များအား အရာထမ်း၊ အမှုထမ်းများမှ ရပ်ကွက်များအတွင်း သက်ဆိုင်ရာ ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ … Read more

  • မိုးညှင်းမြို့နယ်ရှိ IDPs စခန်းများတွင် COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်သည့် အသိပညာပေး ဆောင်ရွက်၍ ဆပ်ပြာနှင့်Maskများ ထောက်ပံ့ပေးမှုသတင်း

      လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၁-၄-၂၀၂၀)ရက်နေ့ (၁၁:၃၀)အချိန်၌ မိုးညှင်း မြို့နယ်၊ IDPs စခန်း(၂)ခုရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များ အသိပညာပေးဆောင်ရွက်ခဲ့ပြီး စခန်း(၂)ခုရှိ အိမ်ထောင်စု(၃၂)စုအတွက် အိမ်ထောင်စု (၁) စုလျှင် ဆပ်ပြာ(၂)ခဲနှုန်းနှင့် Mask (၂) ခုနှုန်းဖြင့် စုစုပေါင်းဆပ်ပြာ (၆၄) ခဲနှင့်Mask (၆၄) ခုအား ထောက်ပံ့ပေးခဲ့ပါကြောင်း သိရှိရပါသည်။ #ar #kcn_apr2020 Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၁-၄-၂၀၂၀) ရက်နေ့၊ (၀၈:၃၀)နာရီအချိန်မှ (၁၀:၃၀)နာရီအချိန်အထိ ရေကြည်မြို့နယ်၊ ငါးသိုင်း​​ချောင်းမြို့၊ မြို့မရပ်ကွက်၌လည်းကောင်း၊ (၁၀:၃၀)နာရီအချိန်မှ (၁၂:၀၀)နာရီအချိန်အထိ အောင်ဆန်းရပ်ကွက်၌လည်းကောင်း၊ (၁၃:၃၀)နာရီအချိန်မှ (၁၄:၃၀)နာရီအချိန်အထိ ရှေ့ဆောင်ရပ်ကွက်၌လည်းကောင်း၊ (၁၄:၃၀)နာရီအချိန်မှ (၁၆:၀၀)နာရီအချိန်အထိ မြို့သစ်ရပ်ကွက်၌လည်းကောင်း COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေး နှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိိပါသည်။ #ar #ayy_apr2020 Source:           ရေကြည်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၁-၄-၂၀၂၀) ရက်နေ့၊ (၁၁:၃၀)နာရီအချိန်နှင့်  (၁၅:၃၀)နာရီအချိန်တို့တွင် စစ်တွေမြို့ပေါ်ရပ်ကွက်များအတွင်း၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို Loud Speaker ဖြင့် လှည့်လည်အသိပညာပေး နှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိိပါသည်။ #ar #rke_apr2020 Source:           ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)