လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက (၈-၇-၂၀၂၆)ရက်နေ့တွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကျောင်းတွင် ဖွင့်လှစ်ပို့ချလျက်ရှိသည့် သင်တန်းများ၏ သင်ခန်းစာအကြောင်းအရာများကို ပြန်လည်သုံးသပ်၍ ခေတ်နှင့် လျော်ညီစွာ ပြင်ဆင်ဖြည့်စွက်နိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲကို သက်ဆိုင်ရာ ဘာသာရပ် အလိုက်အုပ်စု (၂) စုခွဲ၍ သင်ခန်းစာ အကြောင်းအရာများကို ပြန်လည်သုံးသပ်ခြင်း၊ ပြင်ဆင်ဖြည့်စွက်ခြင်းနှင့် အရည်အသွေးမြှင့်တင်နိုင်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။
Source: ရုံးချုပ်