Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၁-၄-၂၀၂၀)ရက် နေ့တွင် (၈:၃၀) အချိန်မှ (၁၇:ဝဝ) အချိန်ထိ ကနီမြို့နယ်အတွင်းရှိ ဇီးပင်တွင်းကျေးရွာ၊ ရွှေပြည်သာကျေးရွာ၊ ပေါက်အင်းမြိုင် ကျေးရွာ၊ ပေါက်အင်းတောင်ကျေးရွာ၊ အင်တိုင်းတောကျေးရွာ၊ ညောင်ပင်လယ်ကျေးရွာများအတွင်း အသံချဲ့စက်ဖြင့် လှည့်လည်၍ Covid- 19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေးအသိပညာပေး လိုက်နာရန်အချက်များအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူး များနှင့်အတူ အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါကြောင်းနှင့် ပြည်သူသို့ပန်ကြားချက်များအား ဖြန့်ဝေ ပေးခဲ့ပါကြောင်း သိရှိရပါသည်။

#ar
#sgg_apr2020

Source: ကနီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events