ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ စည်ပင်ကြီးကျေးရွာ အ.ထ.က(ခွဲ)ကျောင်း၌ အသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၃၀.၇. ၂၀၂၆)ရက်နေ့၊ နံနက်(၁၀း၀၀)အချိန်၌ ဇေယျာသီရိခရိုင်၊ ဇေယျာသီရီမြို့နယ်၊ စည်ပင်ကြီး‌ကျေးရွာအုပ်စု၊ စည်ပင်ကြီးကျေးရွာ၊ အ.ထ.က(ခွဲ)ကျောင်းတွင် ခရိုင်မိခင်နှင့် ကလေး‌ စောင့်ရှောက်ရေးအဖွဲ့မှ ကျင်းပပြုလုပ်သည့် သဘာဝဘေး အသိပညာပေးဟောပြောပွဲသို့ တက်ရောက်၍ ကျောင်းသား/ ကျောင်းသူနှင့် ဆရာ/ ဆရာမ (၁၀၀)ဦး၊ ခရိုင်မိခင်နှင့် ကလေး‌စောင့်‌ရှောက်‌ ရေးအဖွဲ့မှ (၃၀)ဦးတို့အား ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့် ပတ် သတ်၍ ဆောင်ရန်/ ရှောင်ရန်များအား အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ar

#npw_jul_2026

Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး

Sign Up

Upcoming Events