သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၏ သင်ခန်းစာများကို ပြန်လည်သုံး သပ်ခြင်း နှင့် ပြင်ဆင်ဖြည့်စွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပမှုသတင်း

လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကျောင်းတွင် ဖွင့်လှစ်ပို့ချလျက်ရှိသည့် သင်တန်းများ၏ သင်ခန်းစာအကြောင်းအရာများကို ပြန်လည်သုံးသပ်၍ ခေတ်နှင့်လျော်ညီစွာ ပြင်ဆင်ဖြည့်စွက်နိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးချုပ် (အစည်းအဝေးခန်းမ)၌ ကျင်းပပြုလုပ်ခဲ့သည်။ဖွင့်ပွဲအခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အဖွင့် အမှာစကား ပြောကြားခဲ့ပြီး ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ နှင့် အရာထမ်းများ တက်ရောက်ခဲ့ကြသည်။သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကျောင်းတွင် ကျောင်းအုပ်ကြီးများအဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသည့် ညွှန်ကြားရေးမှူး (၂) ဦးက ဦးဆောင်ကာ သက်ဆိုင်ရာ ဘာသာရပ် အလိုက်အုပ်စု (၂) စုခွဲ၍ သင်ခန်းစာ အကြောင်းအရာများကို ပြန်လည်သုံးသပ်ခြင်း၊ ပြင်ဆင်ဖြည့်စွက်ခြင်းနှင့် အရည်အသွေးမြှင့်တင်နိုင်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

Source: ရုံးချုပ်

Sign Up

Upcoming Events