လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၇-၂၀၂၆)ရက်နေ့၊ (၁၁:၂၀)အချိန်တွင် ပုဗ္ဗသီရိမြို့နယ်၊ ရွာတော်ကျေးရွာအုပ်စု၊ ရွာတော်(မြောက်)ကျေးရွာ၌ မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်နေအိမ်(၁၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၇၅၀,၀၀ဝိ/-)နှင့် ဘေးသင့်လူဦးရေ (၈၀)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၄၀၀,၀၀ဝိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၁၅၀,၀၀၀/-)အား (၉-၇-၂၀၂၆)ရက်နေ့၊ (၁၄:၀၀)အချိန်တွင် နေပြည်တော်ကောင်စီဝင် ဦးမင်းဦး၊ ဦးထွန်းထွန်း၊ ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်၊ ပုဗ္ဗသီရိမြို့နယ် အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ရှိသူများ နှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#npw_jul_2026
Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး