လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၈-၂၀၂၆ ) ရက်နေ့(၁၆:၃၀) အချိန်ခန့်တွင် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ လက်ခုပ်ကျေးရွာအုပ်စု၊ လက်ခုပ်ကျေးရွာ၌ ဖြစ်ပွားခဲ့သော မိုးကြိုးဘေး ကြောင့် သေဆုံးလူဦးရေ (၁)ဦးအတွက် ထောက်ပံ့ငွေ (၃၀၀၀၀၀ိ/-) အား (၇-၈-၂၀၂၆) ရက်နေ့၊ နေ့လည် (၁၅:၀၀) နာရီအချိန်ခန့်တွင် ဝါးခယ်မမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့်အတူ ဝါးခယ်မမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် သွားရောက် ထောက်ပံ့ခဲ့ ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်၊၊
#tls
#ayy_aug_2026
Source: ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံး