လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၇-၂၀၂၆) ရက်နေ့တွင် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့၊ နဒီအောင်မြေရပ်ကွက်၊ စက်တန်းလမ်းတွင် ဖြစ်ပွားခဲ့သော မြေပြိုဘေး ကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သော နေအိမ် (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ (၁၀၀,၀၀ဝိ/)၊ အိမ်ထောင်စု(၂)စုမှ လူဦးရေ(၁၅)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇၅,၀၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၁၇၅,၀၀ဝိ/-)အား (၁၄-၇-၂၀၂၆)ရက်နေ့၊ နေ့လည်(၁၅:၀၀) နာရီအချိန်တွင် ဝါးခယ်မမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ် သို့ သွားရောက်ထောက်ပံ့ခဲ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။
#ha_sld
#ayy_jul_2026
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး