Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

 
(၂၁-၄-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ သာသနာ့ရိပ်သာရပ်ကွက်၊ မြို့မရပ်ကွက်၊ စျေးပိုင်းရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်၊ ပြည်တော်သာရပ်ကွက်များတွင်၎င်း၊ရန်ကုန်တောင်ပိုင်းခရိုင်၊သန်လျင်မြို့နယ်၊ လက်ယက်စမ်းကျေးရွာ အုပ်စု၊ ဘယက်စံပြကျေးရွာအုပ်စု ၊စစ်ပင်ကွင်းကျေးရွာအုပ်စုတို့တွင် တောင်ပိုင်းခရိုင်လူမှုဝန်ထမ်း ဦးစီးဌာနရုံးနှင့်အတူ (Covid-19)အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ အများပြည်သူ များ သိရှိလိုက်နာရန်အချက်များအား ကွင်းဆင်း၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များအား အရာထမ်း၊ အမှုထမ်းများမှ ရပ်ကွက်များအတွင်း သက်ဆိုင်ရာ ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီ၊ လူမှုရေးအသင်းဖွဲ့များမှ တာဝန်ရှိသူများနှင့်အတူ အသိပညာပေးကြော်ငြာခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
#ar
#ygn_apr2020
Source: ညွှန်ကြားရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events