လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၁-၄-၂၀၂၀) ရက်နေ့၊ (၀၈:၃၀)နာရီအချိန်မှ (၁၀:၃၀)နာရီအချိန်အထိ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ မြို့မရပ်ကွက်၌လည်းကောင်း၊ (၁၀:၃၀)နာရီအချိန်မှ (၁၂:၀၀)နာရီအချိန်အထိ အောင်ဆန်းရပ်ကွက်၌လည်းကောင်း၊ (၁၃:၃၀)နာရီအချိန်မှ (၁၄:၃၀)နာရီအချိန်အထိ ရှေ့ဆောင်ရပ်ကွက်၌လည်းကောင်း၊ (၁၄:၃၀)နာရီအချိန်မှ (၁၆:၀၀)နာရီအချိန်အထိ မြို့သစ်ရပ်ကွက်၌လည်းကောင်း COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေး နှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိိပါသည်။
#ar
#ayy_apr2020
Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)