ကရင်ပြည်နယ်ဖွံ့ဖြိုးကြီးကြပ်ရေးမှူးရုံးတွင်အသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၇-၂၀၂၆) ရက်နေ့၊ (၁၃:၃၀)အချိန်မှ (၁၅:၁၅)အချိန်ထိ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဖွံ့ဖြိုးကြီးကြပ်ရေးမှူးရုံးတွင် ဌာနဆိုင်ရာဝန်ထမ်း ကျား(၁၄)ဦး၊ မ (၇)ဦး၊ စုစုပေါင်း (၂၁)ဦးတို့အား သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန် အချက်များ အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး ဘေး(၉)မျိုး လက်ကမ်းစာစောင် (၃၀) စောင်တို့အား  ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#kyn_jul_2026

Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး

Sign Up

Upcoming Events