လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၁-၄-၂၀၂၀)ရက်နေ့ (၁၁:၃၀)အချိန်၌ မိုးညှင်း မြို့နယ်၊ IDPs စခန်း(၂)ခုရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များ အသိပညာပေးဆောင်ရွက်ခဲ့ပြီး စခန်း(၂)ခုရှိ အိမ်ထောင်စု(၃၂)စုအတွက် အိမ်ထောင်စု (၁) စုလျှင် ဆပ်ပြာ(၂)ခဲနှုန်းနှင့် Mask (၂) ခုနှုန်းဖြင့် စုစုပေါင်းဆပ်ပြာ (၆၄) ခဲနှင့်Mask (၆၄) ခုအား ထောက်ပံ့ပေးခဲ့ပါကြောင်း သိရှိရပါသည်။
Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)