Latest News
-
Covid-19 ရောဂါနှင့် မိုးတွင်းကာလဖြစ်ပွားသော ဘေးအန္တရယ်များနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၁၀-၇-၂၀၂၀) ရက်နေ့တွင် သက္ကပြင်(မဲ) ကျေးရွာအုပ်စုရှိ သက္ကယ်ပြင်(အရှေ့)ကျေးရွာ၊နွားခြံကုန်းကျေးရွာ၊ မိုးခေါင်ကွင်းကျေးရွာ၊ ရွာသစ်ကုန်းကျေးရွာ၊ ရွှေတောင်တန်းကျေးရွာ၊ ပျဥ်ထောင်ကွင်းကျေးရွာ၊ သင်ဇာလီကျေးရွာ၊သက္ကယ်ပြင်အနောက်ကျေးရွာ၊ ကျွန်းတောကုန်းကျေးရွာများ၊ အင်ပင်ကုန်းကျေးရွာအုပ်စုရှိ ကွမ်းခြံကုန်းကျေးရွာ၊ အုန်းတောစုကျေးရွာ၊ ဝက်သတ်ကုန်းကျေးရွာ၊ ကံဒုတ်ကျေးရွာ၊ သာယာကုန်းကျေးရွာ၊ ချင်းကုန်းကျေးရွာ၊ ဒိုးကုန်းကျေးရွာ၊ ငါးဖယ်တူ(တောင်)ကျေးရွာ၊ ငါးဖယ်တူ(အလယ်)ကျေးရွာ၊ ငါးဖယ်တူ(မြောက်)ကျေးရွာ၊ ကမ်းနားတန်းကျေးရွာများ၌ Covid-19 ရောဂါနှင့်ပတ်သက်၍ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသိပညာပေး ဆောင်ရန်ရှောင်ရန်အချက်အလက်များနှင့် မိုးတွင်းကာလဖြစ်ပွာသောဘေးအန္တရယ်များနှင် ပတ်သက်၍ေဆာင်ရန်/ရှောင်ရန်များကို … Read more
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ ကဝမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၇-၂၀၂၀) ရက်နေ့တွင် ကဝမြို့နယ်၊ ရုံးကြီးရပ်ကွက်၊ ခမေလေးရပ်ကွက်၊ ခမေကြီးကျေးရွာ၊ သပြေကန်ကျေးရွာ၊ မကြက်ကြီးကျေးရွာ၊ အင်းဝကျေးရွာနှင့် သခွပ်ကန်ကျေးရွာတို့တွင် Covid-19 ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူအသိပညာပေးပန်ကြားချက်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လက်ကမ်းစာစောင်များအား ဖတ်ကြားခြင်းများ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကဝမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #bgo_jul2020
-
ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ပခုက္ကူမြို့နယ်၊ ရှားပင်ကျေးရွာအုပ်စု၊ သဖန်းပင်ကျေးရွာမှ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ကြသော လူနေအိမ်(၄)လုံး၊ အိမ်ထောင်စု(၄)စု၊ ကျား(၁ဝ)ဦး၊ မ(၁ဝ)ဦး၊ စုစုပေါင်း(၂ဝ)ဦးအတွက် ပြောင်းရွှေ့အိမ်(၁)လုံးလျှင်(၁ဝဝ,ဝဝဝ/-)ကျပ်နှုန်းဖြင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၄ဝဝ,ဝဝဝ/-)ကျပ်၊ လူဦးရေ(၂ဝ)ဦးအတွက် ဆန်ရိက္ခာ (၁) ပတ်စာဖိုးထောက်ပံ့ငွေ (၄၂,ဝဝဝ/-)ကျပ်၊ စုစုပေါင်းထောင်ပံ့ငွေ(၄၄၂,ဝဝဝ/-)ကျပ်၊ ဓါတ်ဆား (၄ဝ)ထုပ်နှင့် First Aid Kid (၄)အိတ်တို့အား (၁ဝ-၇-၂ဝ၂ဝ)ရက်နေ့ (၁၆:ဝဝ)အချိန်တွင် ပခုက္ကူခရိုင် ဦးစီးမှူးရုံး တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe … Read more
-
COVID-19 ကူးစက်ရောဂါ၊ မိုးကြိုးဘေး၊ ရေဘေးနှင့် မုန်တိုင်းဘေးစသည့် သဘာဝဘေးနှင့် ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၇-၂၀၂၀) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်မှစ၍ နေ့လည် (၁၄:၀၀) နာရီအထိ အိမ်မဲမြို့နယ်အတွင်းရှိ ရေသိုးကျေးရွာ၊ အရှေ့စုကျေးရွာ၊ မြန်မာစုကျေးရွာ၊ ညောင်ဝိုင်းကျေးရွာ၊ မန်းကျည်းကုန်းကျေးရွာ၊ သာယာကုန်းကျေးရွာ၊ လက်ပံကုန်းကျေးရွာ၊ ရွှေညောင်ပင်ကျေးရွာ၊ အုန်းပင်စုကျေးရွာ၊ တောင်စုကျေးရွာ၊ ကုန်းစုလေးကျေးရွာတို့တွင် လတ်တလော နိုင်ငံအသီးသီးတွင် ကူးဆက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များနှင့် သဘာဝဘေးနှင့်ပတ်သက်သည့် လိုက်နာဆောင်ရွက်ရန်များကို ကျေးရွာနေပြည်သူလူထုအား အသိပညာပေးလှည့်လည်ဟောပြောမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး … Read more
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ မြိတ်တောင်ရပ်ကွက်၊ ဘုရားကိုင်ရပ်၊ အေးချမ်းသာယာလမ်း၌ မီးဘေးဖြစ်ပွား ခဲ့သောကြောင့် မီးဘေးသင့်တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၁,၅၀၀/-)ကျပ်၊ လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၀,၅၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၂,၀၀၀) ကျပ်အား (၁၀-၇-၂၀၂၀) ရက်နေ့ (၁၅:၃၀)ချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #tny_jul2020 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID_19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၇-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ UNDP၊ UNICEFနှင့်ပူးပေါင်း၍ Covid_19 ရောဂါကူးစက်မှု ဒုတိယလှိုင်း မဖြစ်ပွားစေရန် ကျောက်မဲမြို့ရှိ ရွှေဟင်္သာစားသောက်ဆိုင်၊ မော(ဝ်)စားသောက်ဆိုင်၊ ရွှေရည်ဖူးကဖေးနှင့် ငွေပင်လယ်စားသောက်ဆိုင်များ၌ ပြည်သူလူထုထံသို့ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း (Campaign)များ ပြုလုပ်ခြင်း၊ Mask များ၊ လက်ဆေးဆပ်ပြာများ၊ လက်ဆွဲအိတ်များ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ဗွီနှိုင်းများကပ်ခြင်းနှင့် ကာကွယ်ရေးနည်းလမ်းများ ကိုအသံချဲ့စက်ဖြင့် ဆော်သြခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_jul2020 Source: … Read more









