မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ရွှေလောင်းကျေးရွာအုပ်စု၊ ရေကျော်ကျေးရွာတွင် (၂-၁၁-၂၀၂၆) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့ခဲ့ရသော လူနေအိမ်(၄)လုံးအတွက် အိမ်ဆောက် ပစ္စည်းရန်ပုံငွေ(၄၀၀,ဝဝဝ/-)၊ အိမ်ထောင်စု(၄)စုမှ လူဦးရေ(၁၅)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇၅,၀၀ဝ/-)၊ စုစုပေါင်းရန်ပုံငွေ (၄၇၅,၀၀ဝ/-)အား (၃-၁၁-၂၀၂၆)ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီ အချိန်တွင် ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဝါးခယ်မမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်များနှင့်အတူ ဝါးခယ်မမြို့နယ်၊ ရွှေလောင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ဘေးသင့်ပြည်သူများလက်ဝယ် သို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#ayy_nov_2026
Source: ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံး (ဘစမ)