COVID-19 ရောဂါနှင့် ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၇-၂၀၂၀)ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်မှစ၍ နေ့လည် (၁၃:၃၀)နာရီအထိ အိမ်မဲ မြို့နယ်အတွင်းရှိ တကောကျေးရွာ၊ ရွှေရောင်ပြကျေးရွာ၊ ကံစုကျေးရွာ၊ ဉတိုကျေးရွာ၊ ရိုးကြီးကျေးရွာ၊ ညောင်ကုန်း အကယ်ရိုးကျေးရွာ၊ ညောင်ကုန်းချောင်းဖျားကျေးရွာ၊ သံကုန်းကျေးရွာနှင့် လိပ်ပုတ်ကျေးရွာတို့တွင် လတ်တလော နိုင်ငံအသီးသီး တွင် ကူးဆက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များနှင့် သဘာဝ ဘေးနှင့်ပတ်သက်သည့် လိုက်နာဆောင်ရွက်ရန်များကို ကျေးရွာနေပြည်သူလူထုအား အသိပညာပေးလှည့်လည် ဟောပြောမှုများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#ayy_jul2020

Source:  မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events