ဘားအံမြို့နယ်ရှိ အမှတ်(၆) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်နှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁၅.၁၀.၂၀၂၆)ရက်နေ့တွင် ဘားအံမြို့နယ် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့နှင့်ပူးပေါင်း၍ ပြည်သူများထံသို့ အယ်လ်နီညို ရာသီဥတုဖြစ်စဉ်နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များပါ၀င်သော အသိပညာပေး လက်ကမ်းစာစောင်များအား လူစည်ကားရာနေရာများဖြစ်သည့် ဘားအံတက္ကသိုလ်မီးပွိုင့်၊ အမှတ်(၁) မြို့မဈေးကြီး၊ နာရီစင်မီးပွိုင့်၊ မြို့မဘောလုံးကွင်းတို့၌ ဝေငှခဲ့ခြင်းများတွင် ပူးပေါင်း ဆောင်ရွက်ခဲ့ပါကြောင်းနှင့် ဘားအံမြို့၊ အမှတ်(၆) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဘားအံမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့မှ အယ်လ်နီညို ရာသီဥတုဖြစ်စဉ် နှင့်ပတ်သက်၍ ရပ်ကွက်နေပြည်သူများအား ကျန်းမာရေးဆိုင်ရာအသိပညာပေးခြင်း ဟောပြော ဆွေးနွေးခြင်းတွင် ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#kyn_oct_2026

Source: ဘားအံခရိုင်ဦးစီးမှူးရုံး

Sign Up

Upcoming Events