လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၄-၇-၂၀၂၀)ရက်နေ့၊ (၀၈:၃၀) နာရီအချိန်မှ စ၍ အမှတ်(၄)ရပ်ကွက်ရှိ မြေနုလမ်း၊ ကုန်သည်လမ်း၊ စျေးချောင်းလမ်း၊ ကမ်းနားလမ်း၊ ရွှေစေတီလမ်း၊ မြို့မစျေး၊ မင်းကြီးလမ်း၊ ပြည်တော်သာလမ်း၊ ဥမ္မာဒန္ဓီလမ်း၊ ဘိုဘဌေးလမ်း၊ ဗလီလမ်းတို့၌လည်းကောင်း၊ အမှတ်(၅)ရပ်ကွက်ရှိ ထောင်ကုန်းလမ်း၊ အဝေရာဆေးတိုက်လမ်း၊ စျေးရပ်တန်းလမ်း၊ မရမ်းချိုလမ်း၊ ပပဝတီလမ်း၊ ဘူတာလမ်းနှင့် မဟာဗန္ဓုလလမ်းတို့၌လည်းကောင်း COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ဆောင်ရန်/ရှောင်ရန်အချက်များ၊ COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ (ဧရာဝတီတိုင်းဒေသကြီး)မှ (၃၀-၆-၂၀၂၀)ရက်နေ့အထိ ထုတ်ပြန်ပြီးခဲ့သည့် တားမြစ်မိန့်နှင့်ညွှန်ကြားချက်များ၊ ရာသီအလိုက်ဖြစ်ပွားတတ်သည့် သဘာဝဘေးများအန္တရယ်များနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_jul2020
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)