လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနနှင့် အတူပူးပေါင်း၍ (၁၄-၇-၂၀၂၀)ရက်နေ့၊ (၀၉:၀၀) နာရီအချိန်မှ(၁၂:၀၀)နာရီအချိန်ထိ လပွတ္တာမြို့နယ်၊ သပြုကုန်းကျေးရွာအုပ်စုအတွင်းရှိ၊ ဇင်ရွှဲကျေးရွာ၊ ညောင်ပင်သာကျေးရွာ၊ ငါးခုံးမကျေးရွာနှင့် လွန်ချောင်းကျေးရွာများတို့တွင် Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပေး ကြေညာချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများကို အများပြည်သူများ သိရှိလိုက်နာရန် Loud Speaker ဖြင့် လှည့်လည်၍ အသိပညာပေးခဲ့ပြီး လက်ကမ်းစာစောင်များ ဝေငှခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#ayy_jul2020
Source: လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ (ဘစမ)