ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၉-၂၀၂၆) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်အထိ ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်း၌ ဌာနဆိုင်ရာကျား(၂)ဦး၊ မ(၁၄)ဦး၊ ကျောင်းသား(၆၃)ဦး၊ ကျောင်းသူ (၆၅)ဦး၊ စုစုပေါင်း (၁၄၄)ဦးတို့အား သဘာဝဘေးအန္တရာယ် များနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကိစ္စရပ် များ၊ သဘာဝ‌ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဟောပြောဆွေးနွေးခြင်း၊ ဘေး (၉)မျိုးလက်ကမ်းစာစောင်များ‌ဝေငှခြင်းနှင့် မိုးကြိုးဘေးအသိပညာ ပေး(၄×၅)ပေ ဗီနိုင်းပိုစတာ(၁)ချပ် ပေးအပ်ခြင်းတို့‌အား ပတ်ဝန်းကျင်ထိန်းသိမ်း‌‌ရေးဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ar

#‌kyn_sep_2026

Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး

Sign Up

Upcoming Events