လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၇-၂၀၂၀) ရက်နေ့ တွင် ဌာနဆိုင်ရာများ၊ UNDP၊ UNICEF၊ အလင်းရောင်၊ မဇ္စျိမလူမှုကူညီရေးအသင်းအဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီရေးအဖွဲ့များနှင့်ပူးပေါင်း၍ Covid-19 ရောဂါကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန်အတွက် တာချီလိတ်မြို့၊ မကာဟိုခမ်း ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း၊ အထက်တန်းအဆင့်၊ ကျောင်းအပ်နှံရေးတွင် ဆရာ၊ ဆရာမ၊ မိဘနှင့် ကျောင်းသား/ကျောင်းသူများအား Covid -19 ကူးစက်ရောဂါ ကြိုတင် ကာကွယ်ရေး အသိပညာပေးခြင်း၊ (Campaign) များ ဆောင်ရွက်ခြင်း၊ Maskများ၊ လက်ဆွဲ အိတ်များ၊ လက်ဆေးဆပ်ပြာများ၊ covid-19 ကူးစက်ရောဂါနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဆရာ/ဆရာမ၊ မိဘ၊ ကျောင်းသူ/ကျောင်းသားများ လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များပါရှိသည့် စာစောင်များဖြန့်ဝေခြင်း၊ ပိုစတာများ ကပ်ခြင်း၊ ဖြန့်ဝေခြင်း၊ ဗွီနှိုင်းများကပ်ခြင်း၊ စိုက်ထူခြင်းနှင့် ကာကွယ်ရေးနည်းလမ်းများကို အသံချဲ့စက်ဖြင့် ဆော်သြခြင်း၊ ကျောင်းဝင်းအတွင်း၌ထားရှိသည့် လက်ဆေးဘေစင်တို့၌ လက် ဆေးဆပ်ပြာများထားရှိခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#shn_jul2020
Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)