လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၇-၂၀၂၀)ရက်နေ့ တွင် ဌာနဆိုင်ရာများ၊ UNDP၊ UNICEF၊ အလင်းရောင်၊မဇ္စျိမလူမှုကူညီရေးအသင်းအဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီရေးအဖွဲ့များနှင့်ပူးပေါင်း၍ Covid-19 ရောဂါကူးစက်မှု ဒုတိယလှိုင်း မဖြစ်ပွားစေရန်အတွက် တာချီလိတ်မြို့ ၊ ပုန်းထွန်ရပ် ကွက်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ အထက်တန်းအဆင့်၊ ကျောင်းအပ်နှံရေးတွင် ဆရာ၊ ဆရာမ၊ မိဘနှင့် ကျောင်းသား/ ကျောင်းသူများအား Covid -19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ (Campaign) များဆောင်ရွက်ခြင်းဖြင့် Maskများ၊ လက်ဆွဲအိတ်များ၊ လက်ဆေးဆပ်ပြာများ၊ covid-19 ကူးစက်ရောဂါနှင့်ပတ်သက်သည့် ဆောင်ရန် /ရှောင်ရန် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဆရာ/ဆရာမ၊ မိဘ၊ ကျောင်းသူ/ ကျောင်းသားများ လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များပါရှိသည့် စာစောင်များဖြန့်ဝေ ခြင်း၊ ပိုစတာများကပ်ခြင်း၊ ဖြန့်ဝေခြင်းဗွီနှိုင်းများကပ်ခြင်း၊ စိုက်ထူခြင်းနှင့် ကာကွယ်ရေး နည်းလမ်းများကို အသံချဲ့စက်ဖြင့် ဆော်သြခြင်း၊ ကျောင်းဝင်းအတွင်း၌ထားရှိသည့် လက်ဆေး ဘေစင်တို့၌ လက်ဆေးဆပ်ပြာများထားရှိပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ဆက်လက်၍ တာလော့ရပ်၊ ဗယ်လင်တိုင်းစားသောက်ဆိုင်သို့ သွားရောက်ကာ Covid-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း (Campaign) များကို ဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။
#ar
#shn_jul2020
Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)