လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ပခုက္ကူမြို့နယ်၊ ရှားပင်ကျေးရွာအုပ်စု၊ သဖန်းပင်ကျေးရွာမှ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ကြသော လူနေအိမ်(၅)လုံး အိမ်ထောင်စု(၅)စု၊ ကျား(၈)ဦး၊ မ(၁ဝ)ဦး၊ ပေါင်း(၁၈)ဦးအတွက် ပြောင်းရွှေ့အိမ်(၁)လုံးလျှင် (၁ဝဝ,ဝဝဝ/-)နှုန်းဖြင့် အိမ်ဆောက်ထောက်ပံ့ငွေ(၅ဝဝ,ဝဝဝ/-)၊ လူဦးရေ(၁၈)ဦး အတွက် ဆန်ရိက္ခာ (၁)ပတ်စာဖိုးငွေ (၃၇,၈ဝဝ/-)၊ စုစုပေါင်းထောင်ပံ့ငွေ (၅၃၇,၈ဝဝ/-)၊ ဓါတ်ဆား (၅ဝ) ထုပ်၊ First Aid Kid (၅)အိတ်တို့အား (၁၄-၇-၂ဝ၂ဝ)ရက်နေ့ (၁၁:၃ဝ)နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_rbe
#mgy_jul2020
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)