လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးနှင့် ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၈- ၁၀ -၂၀၂၆ ) ရက်နေ့တွင် စူပါအယ်နီညိုဖြစ်စဉ်နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ ပူပြင်းခြောက်သွေ့ သောကာလတွင် ကျရောက်တက်သည့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် အချက်များအား ပြည်သူ လူထုသိရှိစေရန်အတွက် ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ ဈေးရပ်ကွက် နှင့် ဆေးရုံရပ်ကွက်တို့တွင် သွားရောက်၍ ဝါးခယ်မမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှတာဝန်ရှိသူများ၊ မြန်မာနိင်ငံရဲတပ်ဖွဲ့၊ စည်ပင် သာယာရေးကော်မတီ၊ မီးသတ်တပ်ဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ ဝါးခယ်မမြို့နယ်ကြက်ခြေနီအသင်းနှင့် စုပေါင်းပရဟိတလူမှုကွန်ရက်တို့မှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။
#ar
#ayy _oct_2026
Source: ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံး