Latest News
-
COVID_19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်နေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ရွှေရောင်ချကျေးရွာအုပ်စု၊ ရွှေရောင်ချကျေးရွာ၊ ဆိပ်သာကျေးရွာ၊ ညောင်ဝိုင်းကျေးရွာတို့၌ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ ကျေးရွာရှိ တာ၀န်ရှိသူများနှင့် အတူ (၁၀-၇-၂၀၂၀)ရက်နေ့၌ (၁၂:၀၀)နာရီအချိန်၌ လက်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခြင်း၊ သဘာဝဘေးနှင့် ပတ်သတ်သည့် ဆောင်ရန်/ ရှောင်ရန်များကို ပြည်သူတို့အား ဒုတိယအကြိမ် အသိပညာပေးခြင်းနှင့် ကျန်းမာရေး အရေးပေါ်သုံး First Aid Kit များ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
COVID-19 ကူးစက်မြန်ရောဂါနှင့်စပ်လျဉ်း၍ သိရှိလိုက်နာရန်အချက်များ၊ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်အချက်များကို အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွမှုဦးစီးဌာန၊ ဘောလခဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၇-၂၀၂၀) ရက်နေ့တွင် ဘောလခဲမြို့နယ်၊ ဘောလခဲကျေးရွာအုပ်စု၊ မိုင်းထမ်းကျေးရွာ၊ ရေနီပေါက်ကျေးရွာ၊ ဝမ်ချယ်ကျေးရွာ၊ ချိကွဲ့ကျေးရွာအုပ်စု၊ ချိကွဲ့ကျေးရွာ၊ နန့် နောက်ကျေးရွာများရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်များကို အသိပညာပေးဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။ Source: ဘောလခဲခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #kyh_jul2020
-
COVID-19 ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူများသိရှိလိုက်နာဆောင်ရွက်ရမည့် အချက် များနှင့်ပတ်သတ်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ ကျားချောင်ကျေးရွာအုပ်စု၊ ကျားချောင်ကျေးရွာ၊ ကြာအင်းကျေးရွာ၊ ကျွန်းကုန်းကြီးကျေးရွာ၊ ပေကုန်းစုကျေးရွာ၊ ကွင်းလျှားစောင်းကျေးရွာ၊ကညင်ကွင်းကျေးရွာ၊ မှော်သေးကျေးရွာ၊ တာကုန်းကျေးရွာတို့တွင် (၁၀-၇-၂၀၂၀) ရက်နေ့၌ (၀၈:၀၀) နာရီမှ (၁၆:၀၀)နာရီအထိ လတ်တလောနိူင်ငံအသီးသီးတွင်ကူးစက်ပျံ့ပွားလျှက်ရှိသော Covid-19 ကူးစက်ရောဂါနှင့်သဘာဝဘေးနှင့်ပက်သက်သည့်ဆောင်ရန်/ ရှောင်ရန်များကို ကျေးရွာ/ရပ်ကွက်နေပြည်သူတို့အား အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါကြောင်း သိရရှိရပါသည်။ Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_jul2020
-
School Cum Shelter တည်ဆောက်ပြီးစီးမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ သည် (၁၁-၇-၂၀၂၀)ရက်နေ့တွင် ဖောင်းပြင်မြို့၊ အမှတ် (၈၇) မူလတန်း(လွန်) ကျောင်းဝင်း အတွင်း မြင့်ကမ္ဘာစိုးကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခဲ့သော School Cum Shelter (၁၀၀%)ပြီးစီးပြီဖြစ်ပါ၍ လွှဲပြောင်း/ လက်ခံများဆောင်ရွက်နိုင်ရန်အတွက် ကွင်းဆင်း စစ်ဆေးခဲ့ပြီး ဖောင်းပြင်မြို့၊ မြို့နယ်ဦးစီးမှူးရုံးမြေနေရာ အားခြံဝန်းခတ်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရန် ကွင်းဆင်းစစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #infra_dev #sgg_jul2020 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် မိုးကြိုးဘေးအသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၇-၂၀၂၀) ရက်နေ့ နံနက် (၉:၃၀) အချိန်မှ ညနေ(၁၅:၃၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် မိုးကြိုးဘေးအသိပညာပေးဆောင်ရွက်မှုကို ဖျာပုံမြို့နယ်၊ ဂျိုဝါကျောက်ရဲကျေးရွာအုပ်စု၊ ဂျိုဝါဝကျေးရွာ၊ ကျောင်းစုကျေးရွာ၊ကျောက်ရဲကျေးရွာ၊ ငါးအိမ်စုကျေးရွာရှိ ပြည်သူများသို့ လိုက်လံအသိပေးဆောင်ရွက်ခဲ့ခြင်းနှင့် အသိပညာပေးဗီနိူင်းပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_jul2020
-
COVID_19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၇-၂၀၂၀) ရက်နေ့တွင် ထားဝယ်မြို့နယ်အတွင်းရှိ ကညုံရပ်ကွက်နှင့် ရှမ္မလည်ဆွဲရပ်ကွက်တို့တွင် လော်စပီကာတို့ဖြင့် Covid-19 အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါနှင့် ပက်သက်၍ လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် မိုးရာသီကာလသို့ရောက်ရှိလာပြီဖြစ်သည့်အတွက် ရေဘေး၊ မြေပြိုဘေးနှင့် မိုးကြိုးဘေးစသည့် သဘာဝဘေးအန္တရာယ်နှင့် ပက်သက်သည့် ဆောင်ရန်/ ရှောင်ရန်အချက်များအား ပြည်သူသို့ အသိပညာပေးပန်ကြားချက်များအား လှည့်လည်ဟောပြောခြင်းများဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_jul2020 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)









