Category Archives: News
-
ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့နယ်အတွင်း လေဘေးဖြစ်ပွားမှုအတွက် ကူညီထောက်ပံ့မှုများဆောင်ရွက်ခဲ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဦးစီးဌာန၊ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့နယ် လွယ်ပါရင် (၂) ကျေးရွာ၊ မယ်ကြုတ်ကျေးရွာ၊ မဟုန်ကန်ကျေးရွာ၊ အဟုန်လွယ်ကျေးရွာ၊ ဖားမိုက်ကျေးရွာနှင့် ဟွေဖော်ကျေးရွာတို့၌ (၂၂- ၄ -၂၀၁၇) ရက်နေ့နှင့် (၂၃- ၄-၂၀၁၇) ရက်နေ့များတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၆၅) လုံးနှင့် ဘုန်းကြီးကျောင်း (၁) ကျောင်း အမိုးလန်ပျက်စီးခဲ့ပါသည်။ အဆိုပါဘေးဖြစ်ပွားမှုအတွက် တန်ဖိုးငွေ (၅၂၈,၄၅၀) ရှိ ကယ်ဆယ်ရေးပစ္စည်း (၆၅) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းနှင့် ကျောင်းဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ အဝေရာလမ်းတွင် (၂၃-၄-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်အိမ်ခြေ (၂) လုံး၊ လူဦးရေ (၁၅) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၃၁,၅၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၄၃၁,၅၀၀) ကျပ်၊ ရေသန့်ကဒ် (၁၂) ကဒ်နှင့် … Read more
-
ကျောက်မဲမြို့နယ်၊ ကော်ပေါင်ကျေးရွာတွင် မိုင်းဒဏ်ရာရရှိခဲ့သူများအား ထောက်ပံ့ပြီးစီးမှု
ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ ကော်ပေါင်ကျေးရွာတွင် (၂၉.၃.၂၀၁၇)ရက်နေ့၌ မိုင်းနင်းမိ၍ ဒဏ်ရာရရှိခဲ့သော ကလေး(၂)ဦးအတွက် (၁)ဦးလျှင် ငွေကျပ် (၅၀,၀၀၀/-)နှုန်းဖြင့် ဒဏ်ရာရရှိခဲ့သူ (၂)ဦးအတွက် ထောက်ပံ့ငွေ ကျပ် (၁၀၀,၀၀၀/-)အား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက (၂၅-၄-၂၀၁၇) ရက်နေ့တွင် ကျောက်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source : ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မိုင်းဆတ်မြို့နယ်အတွင်း လေဘေးသင့်ကျေးရွာများသို့ ထောက်ပံ့မှုများ ပေးအပ်မှုသတင်း
(၂၂-၄-၂၀၁၇) ရက်နေ့တွင် မိုင်းဆတ်မြို့နယ်၊ စတုံးကျေးရွာအုပ်စုအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် လွယ်ပါရင် (၂) ကျေးရွာ၌ အိမ်ခြေ (၁၀) လုံး၊ မယ်ကြုတ်ကျေးရွာ၌ အိမ်ခြေ (၃၅) လုံး အမိုးလန်ခဲ့ရာ အဆိုပါကျေးရွာများမှ ဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၄၅) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ အိမ်ခြေ (၁) လုံးလျှင် (၁) သိန်းနှုန်းဖြင့် အိမ်ခြေ (၄၅) လုံးအတွက် စုစုပေါင်းအိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၅၀၀၀၀၀) ကျပ်တိတိကိုလည်းကောင်း၊ အလားတူ (၂၂-၄-၂၀၁၇) ရက်နေ့တွင်ပင် မိုင်းဆတ်မြို့နယ်၊ ဂျာဒယ်ကျေးရွာအုပ်စုအတွင်း … Read more
-
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများနှင့် မီးဘေးကြောင့်ပြောင်းရွှေ့ အိမ်ထောင်စုများအားထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် (၂၂-၄-၂၀၁၇)ရက်နေ့၌ လေပြင်းတိုက်ခတ်မှုခံစားခဲ့ရသော အိမ်ခြေ (၂၄၀)လုံးမှ အိမ်ထောင်စု (၂၄၀)၊ လူဦးရေ (၁၀၆၉)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး သိန်း(၁၂၀)ကျပ်၊ ဆန်ရိက္ခာဖိုး (၂၂၄၄၉၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး၊ သာသနိကအဆောက် အဦ(၅)ကျောင်းအတွက် (၅၀၀၀၀၀)ကျပ် တို့အားလည်းကောင်း၊ စည်ပင်ကျေးရွာရပ်ကွက်တွင် မီးဘေး ကြောင့်ပြောင်းရွှေ့အိမ်ထောင်စု(၂)စု၊ လူဦးရေ(၁၄)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၂၉၄၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး တို့အားလည်းကောင်း လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ (၂၄-၄-၂၀၁၇)ရက်နေ့တွင် ဘေးသင့်ပြည်သူ များ၏လက်ဝယ်အရောက် … Read more
-
ဘေးအန္တရာယ်လျော့ချရေးဆိုင်ရာ စေတနာ့ဝန်ထမ်းလူငယ် ကနဦးစီမံချက်အား ပြည်သူလူထု/ဌာနဆိုင်ရာများသို့ အသိပေးခြင်းအခမ်းအနား ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန (ရခိုင်ပြည်နယ်ဦးစီးမှူးရုံး) နှင့် UN VOLUNTEERS အဖွဲ့အစည်းတို့ ပူးပေါင်းပြီး (၂၅-၄-၂၀၁၇) ရက်နေ့၊ (၀၉:၀၀) နာရီအချိန်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ မင်းသူရိယခန်းမ၌ ဘေးအန္တရာယ်လျော့ချရေးဆိုင်ရာ စေတနာ့ဝန်ထမ်းလူငယ် ကနဦးစီမံချက်အား ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူလူထု/ ဌာနဆိုင်ရာများသို့ အသိပေးခြင်းအခမ်းအနားသို့ ဌာနဆိုင်ရာမှ တက်ရောက်သူ (၁၈) ဦးနှင့် သင်တန်းသူ/သင်တန်းသား (၃၉) ဦး တက်ရောက်ခဲ့ပြီး စီမံကိန်း၊ ဘဏ္ဍာ၊ အခွန်ဝန်ကြီး ဦးကျော်အေးသိန်းမှ အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး ပြည်နယ်ဦးစီးမှူး (ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန) မှ သင်တန်းဖွင့်လှစ်ရခြင်း၏ … Read more
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၂-၄-၂၀၁၇)ရက်နေ့တွင် ကျောက်တံခါးမြို့နယ်၊ ကြာအင်းကုန်းကျေးရွာအုပ်စု သာယာကုန်းကျေးရွာ၊ မီးချောင်းအိုင်ကျေးရွာ၊ ဆင်ဇလုပ်ကျေးရွာအုပ်စု သရက်စိန်ကျေးရွာ၊ ကင်မွန်းအင်းကျေးရွာအုပ်စု ကျီအင်းကျေးရွာနှင့် သပြေတန်းကျေးရွာတို့တွင် လေပြင်းတိုက်ခတ်မှုခံရသော နေအိမ် (၃၁) လုံး အတွက် ထောက်ပံ့ငွေ (၁၄,၀၀,၀၀၀ိ/-)ကျပ်တိတိ ကို (၂၄-၄-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၏ (၁/၂၀၁၇)လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေးလုပ်ငန်းကော်မတီ၏ (၁/၂၀၁၇) လုပ်ငန်းညှိနှိုင်း အစည်းအဝေးများကျင်းပမှုသတင်း
၂၄- ၄-၂၀၁၇ နေပြည်တော် အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဆောင်၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီ၏ (၁/၂၀၁၇) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို (၂၄-၄-၂၀၁၇) နေ့ (၁၀:၀၀) နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ကျင်းပပြုလုပ်ရာ ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ လုပ်ငန်းကော်မတီဥက္ကဌ၊ လူမှုန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက မိမိတို့လုပ်ငန်းကော်မတီအနေဖြင့် ပြီးခဲ့သည့် … Read more
-
မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ်တွင် လေဘေးထောက်ပံ့မှုသတင်း
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ ကန်ဇွန်းတောင့်ကျေးရွာတွင် (၂၂-၄-၂၀၁၇)ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၃)လုံးအမိုးလန်ပျက်စီးခဲ့ပါသည်။ အဆိုပါ အိမ်ခြေများမှ အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကယ်ဆယ်ရေးပစ္စည်း (၄)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၅၀၀၀၀)ကျပ်နှင့် ဆန်ရိက္ခာ (၇)ရက်စာ (၃၇၈၀၀)ကျပ်တို့ကို (၂၄-၄-၂၀၁၇)ရက်နေ့တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့တွင်လေဘေးထောက်ပံ့မှုသတင်း
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့တွင် (၂၃-၄-၂၀၁၇)ရက်နေ့က ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘုန်းကြီးကျောင်း(၁)ကျောင်း ထိခိုက်ပျက်စီးခဲ့ပြီး နေအိမ် (၁၇)လုံးအမိုးလန်ခဲ့ပါသည်။ အဆိုပါလေဘေးသင့် အိမ်ခြေများမှ ပြည်သူများအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အမိုးလန်နေအိမ် (၁၇)လုံးအတွက် တစ်အိမ်လျှင် (၁၀၀၀၀၀)ကျပ်စီနှင့် (၁၇၀၀၀၀၀)ကျပ်ကိုလည်းကောင်း၊ ထိခိုက်ပျက်စီးခဲ့သော ဘုန်းကြီးကျောင်းအတွက် (၃၀၀၀၀၀)ကျပ်ကိုလည်းကောင်း၊ ဆန်ရိက္ခာ (၇)ရက်စာ (၂၃၃၁၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၄)မျိုးတို့ကိုလည်းကောင်း၊ စုစုပေါင်းထောက်ပံ့မှုတန်ဖိုး (၂၂၃၃၁၀၀)ကျပ်ကို (၂၄-၄-၂၀၁၇)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။









