လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဦးစီးဌာန၊ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့နယ် လွယ်ပါရင် (၂) ကျေးရွာ၊ မယ်ကြုတ်ကျေးရွာ၊ မဟုန်ကန်ကျေးရွာ၊ အဟုန်လွယ်ကျေးရွာ၊ ဖားမိုက်ကျေးရွာနှင့် ဟွေဖော်ကျေးရွာတို့၌ (၂၂- ၄ -၂၀၁၇) ရက်နေ့နှင့် (၂၃- ၄-၂၀၁၇) ရက်နေ့များတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၆၅) လုံးနှင့် ဘုန်းကြီးကျောင်း (၁) ကျောင်း အမိုးလန်ပျက်စီးခဲ့ပါသည်။ အဆိုပါဘေးဖြစ်ပွားမှုအတွက် တန်ဖိုးငွေ (၅၂၈,၄၅၀) ရှိ ကယ်ဆယ်ရေးပစ္စည်း (၆၅) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းနှင့် ကျောင်းဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၆) သိန်း၊ စုစုပေါင်းငွေသားနှင့် ပစ္စည်းတန်ဖိုး (၇,၁၂၈,၄၅၀) (ကျပ်ခုနစ်ဆယ့်တစ်သိန်းနှစ်သောင်းရှစ်ထောင်လေးရာငါးဆယ်တိတိ) အား(၂၄-၄-၂၀၁၇) နေ့တွင် ဘေးသင့်ဒေသသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)