မိုင်းဆတ်မြို့နယ်အတွင်း လေဘေးသင့်ကျေးရွာများသို့ ထောက်ပံ့မှုများ ပေးအပ်မှုသတင်း

25_pic01 25_pic02
(၂၂-၄-၂၀၁၇) ရက်နေ့တွင် မိုင်းဆတ်မြို့နယ်၊ စတုံးကျေးရွာအုပ်စုအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် လွယ်ပါရင် (၂) ကျေးရွာ၌ အိမ်ခြေ (၁၀) လုံး၊ မယ်ကြုတ်ကျေးရွာ၌ အိမ်ခြေ (၃၅) လုံး အမိုးလန်ခဲ့ရာ အဆိုပါကျေးရွာများမှ ဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၄၅) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ အိမ်ခြေ (၁) လုံးလျှင် (၁) သိန်းနှုန်းဖြင့် အိမ်ခြေ (၄၅) လုံးအတွက် စုစုပေါင်းအိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၅၀၀၀၀၀) ကျပ်တိတိကိုလည်းကောင်း၊

အလားတူ (၂၂-၄-၂၀၁၇) ရက်နေ့တွင်ပင် မိုင်းဆတ်မြို့နယ်၊ ဂျာဒယ်ကျေးရွာအုပ်စုအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် မဟုန်ကန်ကျေးရွာ၌ အိမ်ခြေ (၁) လုံး၊ ဘုန်းတော်ကြီးကျောင်း (၁) ကျောင်း၊ မဟုန်လွယ်ကျေးရွာ၌ အိမ်ခြေ (၁) လုံး အမိုးလန်ခဲ့ရာ အဆိုပါကျေးရွာများမှ ဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ အိမ်ခြေ/ ဘုန်းတော်ကြီးကျောင်း (၁) လုံးလျှင် (၁) သိန်းနှုန်းဖြင့် အိမ်ခြေ (၂) လုံးနှင့် ဘုန်းတော်ကြီးကျောင်း (၁) ကျောင်းအတွက် စုစုပေါင်းအိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀၀၀၀) ကျပ်တိတိကိုလည်းကောင်း၊

(၂၃-၄-၂၀၁၇) ရက်နေ့တွင်ပင် မိုင်းဆတ်မြို့နယ်၊ မိုင်းတွင်းတောင်ပေါ်ကျေးရွာအုပ်စုအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ဖားမိုက်ကျေးရွာ၌ အိမ်ခြေ (၇) လုံး၊ ဟွေ့မော်ကျေးရွာ၌ အိမ်ခြေ (၁၁) လုံး အမိုးလန်ခဲ့ရာ အဆိုပါကျေးရွာများမှ ဘေးသင့်ပြည်သုူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၁၈) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ အိမ်ခြေ (၁) လုံးလျှင် (၁) သိန်းနှုန်းဖြင့် အိမ်ခြေ (၁၈) လုံးအတွက် စုစုပေါင်းအိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၈၀၀၀၀၀) ကျပ်တိတိကိုလည်းကောင်း၊

ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ (၂၄-၄-၂၀၁၇) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံ ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events