ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ အဝေရာလမ်းတွင် (၂၃-၄-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်အိမ်ခြေ (၂) လုံး၊ လူဦးရေ (၁၅) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၃၁,၅၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၄၃၁,၅၀၀) ကျပ်၊ ရေသန့်ကဒ် (၁၂) ကဒ်နှင့် စားသုံးဆီ (၁) ဖာတို့အား မီးဘေးသင့်ပြည်သူများထံသို့ (၂၄-၄-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)